ရာသီအဖွင့်ပွဲစဉ်တွင် အမှားများစွာ ကျူးလွန်ခဲ့သည့် မန်ယူအသင်း၏ ခံစစ်ပိုင်းအတွက် ဝေဖန်မှုများရှိနေသော်လည်း စိုးရိမ်စရာမရှိကြောင်း နည်းပြဆိုးလ်ရှားက ကာကွယ်ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီအတွက် ပထမဆုံးပွဲအဖြစ် ပြီးခဲ့သည့်တစ်ပတ်က ပဲလေ့စ်အသင်းနှင့် အိမ်ကွင်းယှဉ်ပြိုင်ကစားခဲ့ရာ ခံစစ်ပိုင်းအမှားများကြောင့် (၁-၃) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။
ထို့ကြောင့် အသင်း၏ခံစစ်ပိုင်းနှင့်ပတ်သက်ပြီး ဝေဖန်မှုများ ထွက်ပေါ်နေခြင်းအပေါ် ဆိုးလ်ရှားက ကာကွယ်ခဲ့ခြင်းဖြစ်ပြီး အမှားများကျူးလွန်ခဲ့သည့် လင်ဒီလော့ဖ်နေရာတွင် ဘာယီနှင့် အစားထိုးဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ ဘယ်လိုအကောင်းဆုံးခုခံ ကစားနိုင်လဲဆိုတာ ပြီးခဲ့တဲ့ရာသီက သက်သေပြခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့တစ်ပတ်ကတော့ စိတ်ကူးထားတဲ့အတိုင်း မဖြစ်ခဲ့ဘူးဆိုတာ မှန်ပါတယ်။ ကျွန်တော်တို့ တော်တော်ဆိုးရွားတဲ့ဂိုးတွေ ခွင့်ပြုခဲ့ရတာပါ။ ဒါပေမဲ့ အဲရစ်(ဘာယီ)နဲ့ ဟာရီ(မက်ဂွိုင်းရား)တို့က ဘယ်လောက်အတွဲအဖက်မိသလဲဆိုတာ ကျွန်တော်တို့ရဲ့ ခံစစ်မှတ်တမ်းက ဖော်ပြနေပါတယ်။ ကျွန်တော်တို့ခံစစ်ပိုင်းက အသင်းတစ်သင်းအနေနဲ့ အရမ်းကောင်းပါတယ်။ အဲရစ် ကြံ့ခိုင်မှုပြန်ပြည့်လာတာက အပိုဆုကြီးတစ်ခုပါပဲ။ သူ့ရဲ့အခြေအနေ တိုးတက်လာဖို့ မျှော်လင့်ထားပါတယ်။ သူကြံ့ခိုင်မှုပြည့်ဝပြီး ပုံမှန်ကစားနိုင်မယ့်အချိန်ကို ကျွန်တော်တို့ စောင့်နေတာပါ။ ကျွန်တော်ကတော့ ကိုယ့်ကစားသမားတွေကို ယုံကြည်ပါတယ်။ ပိုပြီးကောင်းလာဖို့ ကျွန်တော်တို့ အလုပ်တွေ လုပ်နေပါတယ်"ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၃)အဖြစ် စက်တင်ဘာ (၂၆)ရက်တွင် ဘရိုက်တန်အသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
