အာဆင်နယ်နည်းပြ အာတီတာက လီဗာပူးလ်အသင်းနှင့်ယှဉ်ပြိုင်မည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းကစားသမားများ ခြေစွမ်းပြနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် အာတီတာလက်ထက်တွင် လီဗာပူးလ်အသင်းနှင့် (၂)ပွဲကစားခဲ့ရာတွင် လုံးဝရှုံးနိမ့်ခဲ့ခြင်းမရှိဘဲ ပရီးမီးယားလိဂ်တွင် (၂-၁)ဂိုးဖြင့် အနိုင်ရကာ ကွန်မြူနတီဒိုင်းပွဲတွင် ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သည်။
အာတီတာက လီဗာပူးလ်ကို အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန်အတွက် အသင်းကစားသမားများ ခြေစွမ်းပြနိုင်ရန် လိုအပ်သည်ဟု လီဗာပူးလ်နှင့်ပွဲအတွက် ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အာတီတာက "လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တိုင်းက ခြားနားပါတယ်။ တစ်ပွဲက အီမရိတ်စ်မှာ ကစားခဲ့တာဖြစ်ပြီး နောက်တစ်ပွဲက ကွန်မြူနတီဒိုင်းပွဲပါ။ တနင်္လာနေ့မှာ ကစားမယ့် ပွဲစဉ်ကလည်း ခြားနားမယ် ထင်ပါတယ်။ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အနေနဲ့ အဆင့်အတန်းတစ်ခုကို ပြသထားတယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ သူတို့က ပွဲကိုစိုးမိုးပြီး ခြေစွမ်းတစ်သတ်မတ်တည်းနဲ့ ကစားနိုင်တဲ့အသင်းပါ။ အဲဒီလိုအသင်းကို ယှဉ်ပြိုင်ဖို့အတွက် ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ဖို့ လိုပါတယ်။ လီဗာပူးလ်နဲ့ပွဲမှာ ကောင်လေး(ကစားသမား)တွေ အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
ထို့ပြင် အာတီတာက လီဗာပူးလ်အသင်းမှာ အားနည်းချက်အလွန်နည်းပြီး မိမိတို့အနေဖြင့် ပြိုင်ဘက်အားနည်းချက်ထက် ကိုယ်လုပ်နိုင်သည့် အလုပ်ကို အကောင်းဆုံးပြင်ဆင်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
"လီဗာပူးလ်က ပိုပိုပြီးကောင်းလာတယ်လို့ ကျွန်တော် ထင်တယ်။ သူတို့က အားနည်းချက် အလွန်နည်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ လုပ်နိုင်တာတွေကို အကောင်းဆုံးလုပ်ဆောင်သွားဖို့ပဲ ပြင်ဆင်သွားမှာပါ"ဟု အာတီတာက ပြောကြားခဲ့သည်။
လီဗာပူးလ်နှင့် အာဆင်နယ်အသင်းတို့သည် ပရီးမီးယားအဖွင့်ပွဲစဉ် (၂)ပွဲတွင် အနိုင်ရထားကြပြီး ပွဲစဉ်(၃)အဖြစ် စက်တင်ဘာ (၂၈)ရက်တွင် အန်ဖီးလ်ကွင်း၌ ထိပ်တိုက်တွေ့ဆုံမည်ဖြစ်သည်။
Close
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
