မိုချန်ဂလာဘတ် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၆ ရက်၊ ည ၈:၀၀ နာရီ)
နှစ်သင်းစလုံး ရှုံးပွဲကိုယ်စီနဲ့ ရာသီသစ်ကို စတင်ခဲ့ကြရတာမှန်ပေမယ့် အခြေအနေချင်းတော့ မတူပါဘူး။ မိုချန် ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမှာပါ။
လေဗာကူဆင် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၆ ရက်၊ ည ၈:၀၀ နာရီ)
ပြီးခဲ့တဲ့ရာသီကတွေ့ဆုံခဲ့တဲ့ နှစ်ကျော့စလုံးမှာတော့ သရေကျခဲ့တယ်။ လက်ရှိမှာလည်း နှစ်သင်းစလုံး အဓိကကစားသမားကိုယ်စီ ဆုံးရှုံးထားရပေမယ့် ကစားသမားအင်အား တောင့်လို့ သိပ်တော့ပြဿနာမရှိဘူး။ လေဗာကူဆင်အသင်းက ဟာဗက်ဇ်နဲ့ ဗော်လန်းတို့ကို လက်လွှတ်ခဲ့ရပေမယ့် ဗာနာကို ဆုံးရှုံးထားတဲ့ လိုက်ပ်ဇစ်ထက်တော့ တိုက်စစ်အရန်အင်အား ပိုတောင့်တင်းတာတွေ့ရတယ်။ လေဗာကူဆင်အဖို့ လိုအပ်တာက အစားထိုးထားသူတွေနဲ့ တိုက်စစ်ပိုင်း အလျင်အမြန် အထိုင်ကျသွားဖို့ပါပဲ။ လေဗာကူဆင်အသင်း အိမ်ကွင်းမှာ အမှတ်တော့ယူမှာပါ။
မိန့်ဇ် - စတုဂတ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၆ ရက်၊ ည ၈:၀၀ နာရီ)
တန်းတက်အသင်း(၂)သင်းမှာ စတုဂတ်က ပြင်ဆင်မှုပိုကောင်းပေမယ့် အဖွင့်ပွဲခြေစွမ်းအရဆို သိပ်တော့မျှော်လင့်လို့ မရပါဘူး။ မိန့်ဇ် အမှတ်ရမှာပါ။
အော့စ်ဘတ်စ် - ဒေါ့မွန် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၆ ရက်၊ ည ၈:၀၀ နာရီ)
နှစ်သင်းစလုံးက ရာသီအဖွင့်မှာ နိုင်ပွဲကိုယ်စီနဲ့ တာထွက်ကောင်းခဲ့တယ်။ ဒေါ့မွန်အနေနဲ့ ချန်ပီယံအိပ်မက်အတွက် ဘိုင်ယန်အသင်းကို ဖိအားပေးနိုင်ဖို့ဆိုရင် အခုရာသီမှာ ကိုယ်တိုင်က အမှားအယွင်းအတော်လေးနည်းနိုင်မှ တော်ကာကျလိမ့်မယ်။ ဒါပေမဲ့ ဒေါ့မွန်အသင်း ဂိုးပြတ်ဖို့ခက်လို့ အော့စ်ဘတ်နဲ့ပဲ စွန့်စားသင့်တယ်။
အာမီးနီးယား - ကိုလုံး (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၆ ရက်၊ ည ၈:၀၀ နာရီ)
ဒူဒါ၊ အန်ဒါဆန်တို့လိုကစားသမားတွေကို ရလိုက်တာ ဟာ ကိုလုံးအတွက် အင်အားတောင့်သွားစေတာတော့ အမှန်ပါပဲ။ ကိုလုံး ရှုံးဖို့တော့မရှိဘူး။
ရှော်လ်ကေး - ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၆ ရက်၊ ည ၁၁:၃၀ နာရီ)
နှစ်သင်းစလုံး တည်ငြိမ်မှုမရှိတဲ့အသင်းတွေဖြစ်နေပြီး လူအင်အားအရတော့ ရှော်လ်ကေးအသင်းက အနည်းငယ်သာ နေသေးတယ်။ ရှော်လ်ကေးအသင်း အနိမ့်ဆုံးသရေနဲ့ အနိုင်ကစားလိမ့်မယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
