စပါးတောင်ပံကစားသမားသစ် ဂါရတ်ဘေးလ်အနေဖြင့် အသင်းတွင် တစ်ရာသီထက်ပိုပြီး ဆက်ရှိနေဖွယ်ရှိနေသည်ဟု ၎င်း၏အေးဂျင့်ဖြစ်သူ ဘားနတ်က ပြောကြားခဲ့သည်။
အသက် (၃၁) နှစ်အရွယ်ရှိ ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ယခုနွေရာသီအပြောင်း အရွှေ့ကာလတွင် ရီးယဲလ်အသင်းမှ စပါးအသင်းသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့ခဲ့သည်။
ဂါရတ်ဘေးလ်၏ အေးဂျင့်ဖြစ်သူ ဘားနတ်သည် BBC ရေဒီယိုနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ဘေးလ်အနေဖြင့် စပါးအသင်းတွင် တစ်ရာသီထက် ဆက်နေဖွယ်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘားနတ်က "ဘေးလ်အနေနဲ့ လာမယ့် ၂၀၂၁-၂၂ ရာသီမှာ ရီးယဲလ်အသင်းကို ပြန်ဖြစ်မယ်လို့ မထင်ပါဘူး။ ဘေးလ်ဟာ စပါးအသင်းမှာ အရမ်းအောင်မြင်ပါလိမ့်မယ်။ ဒါကြောင့် သူ့အနေနဲ့ စပါးအသင်းမှာ ဆက်နေချင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ စပါးအသင်းမှာ ဆက်နေ၊ မနေကတော့ ဘေးလ်နဲ့ပဲ သက်ဆိုင်ပြီး သူကိုယ်တိုင် ဆုံးဖြတ်ပါလိမ့်မယ်။ ဘေးလ်အနေနဲ့ ရီးယဲလ်ကိုပြန်ဖို့တော့ အကြောင်းမရှိဘူးလို့တော့ ထင်ပါတယ်။ သူ့အနေနဲ့ ရီးယဲလ်အတွက် အများကြီးစွမ်းဆောင် ပေးခဲ့ပေမယ့် ရီးယဲလ်အသင်းက သူ့ကို ကောင်းမွန်စွာဆက်ဆံခဲ့ခြင်းမရှိပါဘူး"ဟု ပြောကြားခဲ့သည်။
ဘေးလ်သည် ရီးယဲလ်အသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း ရီးယဲလ်အသင်းက ၎င်းကို သဘောကျခြင်းမရှိသလို၊ ဘေးလ်ကိုယ်တိုင်ကလည်း ရီးယဲလ်အသင်းသို့ ပြန်လိုခြင်းမရှိကြောင်းလည်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
