ဘာစီလိုနာနောက်ခံလူ ဆာဂျီရောဘတ်တိုက မိမိတို့အနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းအား အရှက်တကွဲ ရှုံးနိမ့်ခဲ့သည့်အကျိုးဆက်ကို ခံစားနေရဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်ဩဂုတ်လက ကစားခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းကို (၂-၈)ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။
ယင်းရှုံးပွဲကြောင့် ဘာစီလိုနာအသင်းတွင် အပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့ပြီး နည်းပြ ဆယ်တီယန်မှာ ရာထူးမှထုတ်ပယ်ခံခဲ့ရသလို၊ အသင်းခေါင်းဆောင် မက်ဆီမှာလည်း အသင်းမှထွက်ခွာခွင့်တောင်းသည့်အထိ ဖြစ်ခဲ့သည်။
ဘာစီလိုနာအသင်းသည် လက်ရှိတွင် နည်းပြ ရော်နယ်လ်ကိုးမန်း၏ ဦးဆောင်မှုဖြင့် ရာသီသစ်ကို စတင်ရန်ပြင်ဆင်နေသော်လည်း ဘိုင်ယန်မြူးနစ်အား ရှုံးနိမ့်ခဲ့ခြင်းကို မမေ့နိုင်သေးကြောင်း ဆာဂျီရောဘတ်တိုက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆာဂျီရောဘတ်တိုက "ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲက မေ့ပစ်ဖို့ခက်ပြီး အဆိုးရွားဆုံးနွေရာသီကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတယ်။ ဘိုင်ယန်နဲ့ပွဲအပြီးမှာ ကျွန်တော်တို့ ဘောလုံးကစားချင်စိတ်တောင် မရှိတော့ပါဘူး။ ကျွန်တော်တို့ အနေနဲ့ နည်းပြသစ်နဲ့အတူ ရာသီသစ် ကို အကောင်းဆုံးစတင်နိုင်ဖို့ ကြိုးစား နေပါတယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
