ဘိုင်ယန်မြူးနစ် ၂-၁ ဆီဗီလာ
(မိနစ် ၉၀ ရလဒ် ၁-၁၊ အချိန်ပိုတွင် ဘိုင်ယန်မြူးနစ်နိုင်)
ဆီဗီလာက ဘိုင်ယန်မြူးနစ်ကို ရှုံးခဲ့ပေမယ့် ကစားပုံ မညံ့ခဲ့ပါဘူး။ ဘိုင်ယန်မြူးနစ်ကို ပွဲချိန်ပြည့်နီးပါး အပြန်အလှန်ကစားသွားနိုင်ခဲ့တယ်။ သူတို့ရဲ့ အဓိကအားထားရာ တိုက်စစ်ကစားသမား အိုကမ်ပို့စ်က ဘိုင်ယန်မြူးနစ်နောက်တန်းကို တောက်လျှောက် ဖိအားပေးကစားနိုင်ခဲ့တယ်။
ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ပွဲအစပိုင်း အချိန်တွေမှာ ရုန်းကန်ခဲ့ရတယ်။ ဘိုင်ယန်အသင်း ခက်ခဲတဲ့ပွဲတစ်ပွဲကို ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ပထမပိုင်းမှာ ဘိုင်ယန်မြူးနစ်အသင်း အခွင့်အရေး (၃၊ ၄)ကြိမ်လောက်ရခဲ့ပါသေးတယ်။ ဒါပေမဲ့ လီဝန်ဒေါစကီးနဲ့ ပါဗာတို့ အသုံးမချနိုင်ခဲ့ဘူး။ ဒုတိယပိုင်းအရောက်မှာတော့ ဘိုင်ယန်တို့ ဘောလုံးပိုင်ဆိုင်မှု အသာရတာကလွဲပြီး အခွင့်အရေးသိပ်မရခဲ့ပါဘူး။
ဆီဗီလာအသင်းကတောင် ဂိုးရဖို့နီးစပ်ခဲ့ပြီး လူစားဝင်တိုက်စစ်မှူး အန်နက်ဆရီ အဆုံးသတ်ညံ့ခဲ့လို့ ရံှုံးနိမ့်ခဲ့ တယ်လို့တောင် ဆိုရမှာပါ။ အဖွင့်ဂိုးကို ဆီဗီလာက စတင်ရခဲ့တာဖြစ်ပြီး ရာကီတစ်ကြောင့်ရတဲ့ ပယ်နယ်တီကို အိုကမ်ပို့စ်က သွင်းယူခဲ့ပါတယ်။
ဘိုင်ယန်အတွက် အနိုင်ဂိုးတွေကိုတော့ (၃၄၊ ၁၀၄)မိနစ်တွေမှာ ဂိုဟက်ဇ်ကာနဲ့ လူစားဝင်ကစားသမား ဟာဗီမာတီနက်ဇ်တို့က သွင်းယူခဲ့တာဖြစ်တယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယအကြိမ်ချန်ပီယံဖြစ်ခဲ့ပြီး အနိုင်ဂိုးရှင် ဟာဗီမာတီနက်ဇ်ကလည်း တစ်နှစ်ခွဲနီးပါး ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
