အီရန် ဥသျှောင်အယာတိုလာအလီခါမေနီက အစ္စရေးနှင့်အစ္စရေးမဟာမိတ်အမေရိကန်တို့၏တိုက်ခိုက်မှုများကို လက်တုံ့ပြန်မည်ဟု နိုဝင်ဘာ ၂ ရက်တွင်ပြောကြားခဲ့သည်။
အီရန်လိုလားသော ညွန့်ပေါင်းအဖွဲ့က အစ္စရေးအပန်းဖြေစခန်းမြို့အေးလတ်ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့စဉ် အီရန်ခေါင်းဆောင်၏အထက်ပါ ပြောဆိုချက် ထွက်လာခြင်းဖြစ်သည်။
အီရတ်နိုင်ငံရှိ အစ္စလာမ်မစ်တော်လှန်ရေးအဖွဲ့သည် ဂါဇာ၌တစ်နှစ်ကျော်ကြာဖြစ်ပွားနေသော အစ္စရေးနှင့်ဟားမာ့စ်တို့၏စစ်ပွဲ၊လက်ဘနွန်ရှိ အစ္စရေးနှင့်ဟစ်ဇဘိုလာတို့၏စစ်ပွဲထဲပါဝင်လာသော အီရန်လိုလားသည့်အုပ်စုများထဲတွင် ပါဝင်သည်။
အစ္စရေးကို အဓိက စစ်ရေးပံ့ပိုးနေသောအမေရိကန်၌ သမ္မတရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် အယာတိုလာအလီခါမေနီက အီရန်၏တုံ့ပြန်မှုသည် အီရန်နိုင်ငံကိုလည်းကောင်း၊ အီရန်၏မဟာမိတ်များကိုလည်းကောင်း တိုက်ခိုက်မှုတို့အား လွှမ်းခြုံလိမ့်မည်ဟု သတိပေးခဲ့သည်။
ရှေ့တန်းစစ်မျက်နှာအချို့မှ ပစ်လွှတ်လိုက်သော ဒရုန်းခုနစ်စင်း သတင်းကို နိုဝင်ဘာ ၁ရက်ညပိုင်းတွင်ရရှိခဲ့ပြီးနောက် အစ္စရေးစစ်တပ်က ပင်လယ်နီတွင်ဒရုန်းသုံးစင်းကိုကြားဖြတ်ပစ်ချခဲ့သည်ဟု ဆိုသည်။ အီရတ်ရှိ အစ္စလာမ်မစ်ဝောာ်လှန်ရေးအုပ်စုက အေးလတ်မြို့ကိုဒရုန်းလေးစင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
နိုဝင်ဘာ ၂ ရက်တွင် အစ္စရေးက ဂါဇာမြောက်ပိုင်းကို ပြင်းထန်သောလေကြောင်းတိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ခဲ့သည်။ ဂါဇာမြောက်ပိုင်း၌အခြေအနေများသည် ဆိုးရွားလွန်းနေသည်ဟု ကုလသမဂ္ဂကပြောကြားထားသည်။
ဟစ်ဇဘိုလာကလည်း အစ္စရေး၏ကူးသန်း ရောင်းဝယ်ရေးအချက်အခြာ တဲလ်အဗစ်မြို့အနီးကို ရော့ကတ်ဖြင့် တိုက်ခိုက်မှုအား ပြင်းပြင်းထန်ထန်လုပ်ဆောင်ခဲ့သည်။
"ရန်သူတွေဖြစ်တဲ့အမေရိကန်နဲ့ဂျူးအစိုးရတို့ဟာ ကူရာမဲ့တဲ့တုံ့ပြန်မှုကို ခံရမယ်ဆိုတာသိထားသင့်ပါတယ်"ဟု ခါမေနီက ယီမင်၊ဆီးရီးယားတို့၌ အီရန်နှင့်မဟာမိတ်ဖွဲ့ထားသော အုပ်စုများကို ရည်ညွှန်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
