၂၀၁၅ ခုနှစ် မုန်းချောင်းရေကြီးရေလျှံမှုကြောင့် ရွာလုံးကျွတ် သဲနုန်းပို့ နစ်မြုပ်ခဲ့သည့် စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ ရွာဦးကျောင်းတွင် Eleven Media Group မိသားစု၏ ဒဿမအကြိမ်မြောက် ကထိန်သင်္ကန်းကပ် အလှူတော်ကို နိုဝင်ဘာ ၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကထိန်သင်္ကန်းကပ်အလှူတော်တွင် ပွင့်တောက်ကျေးရွာနှင့် အနီးတစ်ဝိုက်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် ၁၈ ပါးအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင့် ကြွရောက်လာသည့် ဒေသခံများအားလည်း အဟာရဒါနများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းက မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်း၍ မုန်းချောင်း ရေကြီးရေလျှံမှုကြောင့် မကွေးတိုင်းဒေသကြီး စေတုတ္တရာ၊ စလင်း၊ ပွင့်ဖြူ၊ မင်းဘူး၊ စကု စသည့်မြို့နယ်များအတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ လူနေအိမ်များစွာ ရေဝင်နစ်မြုပ်ခဲ့ကြောင်း စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များအားလုံး သဲနုန်းများပို့၍ နစ်မြုပ်ခဲ့ကြောင်း ထို့ကြောင့် ပွင့်တောက်ကျေးရွာကို မူလကျေးရွာ၏ အနောက်တောင်ဘက်ရှိ ကုန်းမြင့်ပေါ်သို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
အဆိုပါကဲ့သို့ ရေဘေးဒက္ခများ ကြုံတွေ့ခဲ့ရစဉ်ကတည်းက Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေဘေးလှူဒါန်းမှုအစီအစဉ်က ပွင့်တောက်ကျေးရွာအတွက် ဆန်၊ ဆီနှင့် လူသုံးကုန်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း ထို့အပြင် ကျပ်သိန်း ၁၀၀၀ တန် ဘုန်းတော်ကြီးကျောင်းနှင့် သိမ်ကျောင်းအပါအဝင် ဘုရားဆင်းတု၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားများ လှူဒါန်းခဲ့ကြောင်း အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group မိသားစုက နှစ်စဉ် ဝါဆိုသင်္ကန်းကပ်အလှူတော်နှင့် ကထိန်သင်္ကန်းကပ်အလှူတော် ကျင်းပခဲ့သည်မှာ ယခုနှစ်တွင် ဒဿမအကြိမ်မြောက် ရောက်ရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
