ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ ဆင်မကြီးမိုမို၏ အသက် ၇၁ ပြည့် မွေးနေ့အထိမ်းအမှတ်ကို အောက်တိုဘာ ၂၉ ရက် နံနက် ၁၁ နာရီက အဆိုပါတိရစ္ဆာန်ဥယျာဉ်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို၏ မွေးနေ့အထိမ်းအမှတ်တွင် မွေးနေ့ကိတ် မုန့်ပုံသဏ္ဍန်ပြုလုပ်ထားသည့် သစ်သီးပေါင်းစုံ ကိတ်မုန့်ခွဲခဲ့ပြီး အခြားဆင်မလေးများနှင့် အတူမျှဝေစားခဲ့ကြသည်။
ယင်းနောက် မွေးနေ့အထိမ်းအမှတ်သို့ ရောက်လာသည့် ကလေးများ၊ မိသားစုများက "Happy Birthday မိုမို " ဟု သံပြိုင် ဆုတောင်းပေးခဲ့ကြပြီး ဆင်မကြီး မိုမိုက ပြန်လည်နှုတ်ဆက်ခဲ့သည်။
ဆင်မကြီးမိုမိုသည် ၁၉၅၃ခုနှစ်တွင် မွေးဖွားခဲ့ပြီး အသက် ၇ နှစ်ကျော်အရွယ် ၁၉၆၁ခုနှစ် ဖေဖော်ဝါရီလတွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် နေသော ဦးခွန်ဆန္ဒမှ တိရစ္ဆာန်ဥယျာဉ်သို့ လှူဒါန်းခဲ့ကြောင်း၊ သူ့အားထိန်းခဲ့သော ဦးခွန်ဆန္ဒ၏ ဇနီးဖြစ်သူ နော်မိုမိုအား ဂုဏ်ပြု၍ မိုမိုဟု အမည်ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဆင်မကြီး မိုမိုသည် အရပ်အမြင့် ရပေ ၉လက်မမြင့်ပြီး ကိုယ်ထည်လုံးပတ် ၁၅ဝလက်မရှိကာ မိုမို၏ အသက်၆ဝပြည့်မွေးနေ့မှစ၍ နှစ်စဉ် အောက်တိုဘာလတွင် သူ၏မွေးနေ့ပွဲကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ကျင်းပခဲ့သည်။
■Photo-Kyi Naing
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
