mpox ဗိုင်းရပ်စ်သည် အထိန်းအကွပ်မဲ့ ဆက်လက်ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ(အာဖရိကCDC) က အောက်တိုဘာ ၃၁ ရက်တွင် သတိပေးခဲ့ကာ COVID-19 ထက် ပိုမိုဆိုးရွားသော ကပ်ရောဂါတစ်ရပ်ကို ရှောင်လွှဲနိုင်ရန် အရင်းအမြစ်များကိုတောင်း ခံခဲ့သည်။
ဇန်နဝါရီကတည်းက mox ကူးစက်မှု ဖြစ်စဉ် ၄၈,၀၀၀ ရှိသည့် အာဖရိကတွင် mpox ကြောင့် သေဆုံးသူ ၁,၁၀၀ ကျော်ရှိကြောင်း အာဖရိက CDC က ထုတ်ပြန်ထားသည်။
အာဖရိက၏ အားနည်းသော ကျန်းမာရေးစနစ်ကို ထိခိုက်စေသည့် COVID-19 ကပ်ရောဂါအလွန်တွင် နောက်ထပ် mpox ဗိုင်းရပ်စ် ကူးစက်မှုကြီးကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရချိန်တွင် နိုင်ငံအများအပြား၌ ကူးစက်မှုများ ဆက်လက်မြင့်တက်နေခြင်း ဖြစ်သည်။
“အခြေအနေကတော့ အခုထိမထိန်း ချုပ်နိုင်သေးပါဘူး။ ယေဘုယျအားဖြင့်တော့ ကူးစက်မှုမြင့်တက်နေတဲ့ အခြေအနေမှာပဲ ရှိနေပါတယ်”ဟု အာဖရိက CDC ၏အကြီးအကဲ အန်ဂါရှီအန်ဂွန်ဂိုက အွန်လိုင်းမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဖြူရောင်ကမ်းခြေများနှင့် သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော ရေများဖြင့် ခရီးသွားများကို ဆွဲဆောင်လျက်ရှိသော မော်ရေးရှက်စ်နိုင်ငံတွင် mpox ကူးစက်မှုဖြစ်စဉ် တစ်ခုကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အာဖရိက နိုင်ငံ ၁၉ နိုင်ငံတွင် mpox ကူးစက်မှုဖြစ်စဉ်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် ယခုသီတင်းပတ်အတွင်း ဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးမှုဖြစ်စဉ် ရှိလာခဲ့သည့် ယူဂန်ဒါနိုင်ငံတွင် mpox ကူးစက်မှု ဖြစ်စဉ်သည် စိုးရိမ်ဖွယ်ဖြစ်နေသည်။
ယခုအချိန်အထိ mpox ကူးစက်မှုကို ထိန်းချုပ်ရန် ရန်ပုံငွေများ အားနည်းလျက်ရှိကြောင်း အာဖရိက CDC က သတိပေးထားသည်။
“အခုချိန်မှာ လိုအပ်နေတာကတော့ နိုင်ငံရေးဆိုင်ရာနဲ့ ငွေကြေးဆိုင်ရာ ဆက်တိုက်ထောက်ပံ့နေမှုပဲ ဖြစ်ပါတယ်”ဟုအန်ဂွန်ဂိုက ပြောကြားခဲ့သည်။
mpox ရောဂါကို COVID-19 ထက်ပိုမိုပြင်းထန်သည့် နောက်ထပ်ကပ်ရောဂါတစ်ခုအဖြစ် ပေါ်ပေါက်လာမှုမှ ကာကွယ်တားဆီးနိုင်ရန် စီမံချက်များ ချမှတ်ရန်လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အာဖရိကသမဂ္ဂ လက်အောက်ရှိအာဖရိက CDC သည် အာဖရိကတစ်ဝန်းရှိပြည်သူ့ ကျန်းမာရေးဌာနများ၏ လုပ်ဆောင်နိုင်စွမ်းကို ပိုမိုအားကောင်း ခိုင်မာလာစေရေးအတွက် တာဝန်ရှိသောအဖွဲ့ဖြစ်သည်။
သြဂုတ်လက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ကွန်ဂိုနှင့် အခြားအာဖရိက နိုင်ငံများတွင် mpox ရောဂါကူးစက်ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေ ထုတ် ပြန်ကြေညာခဲ့သည်။ကွန်ဂိုနိုင်ငံတွင် သိပ္ပံပညာရှင်များက ပိုမိုလွယ်ကူစွာ ကူးစက်ပျံ့နှံ့နိုင်သော mpox မျိုးကွဲသစ်တစ်မျိုးကို ဖော်ထုတ်ခဲ့သည်။
ယခင်က မျောက်ကျောက်ရောဂါဟုလူ သိများခဲ့သော mpox သည် ရေကျောက်ကဲ့သို့ ဗိုင်းရပ်စ်များနှင့် တူညီသော မျိုးနွယ်စုတစ်စုထဲမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။သို့သော် ဖျားနာမှုကဲ့သို့ အပျော့စား လက္ခဏာများကို သာဖြစ်ပေါ်ခံစားရနိုင်သည်။ပြင်းထန်ဖြစ်စဉ် ခံစားရသူများတွင်မူ အရေပြားတွင် အနာများ ပေါက်လေ့ရှိသည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
