လီဗာပူးလ်အသင်း၏ အီဂျစ်တိုက်စစ်ကစားသမား ဆာလာက အနာဂတ်တွင် မည်သည့်အရာများ ဖြစ်ပျက်လာစေကာမူ အန်ဖီးလ်ကွင်း၌ ဂိုးသွင်းယူရသည့် ခံစားချက်ကို မိမိအနေဖြင့် မည်သည့်အခါမျှ မေ့မည်မဟုတ်ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ဆာလာ(၃၂ နှစ်)သည် လာမည့်နွေရာသီတွင် လီဗာပူးလ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းတိုးရန် မတင်မကျဖြစ်နေသည့်အတွက် ၎င်းက ယခုကဲ့သို့ ရေးသားခဲ့ခြင်းဖြစ်သည်။
''အသင်းအားလုံး နိုင်ပွဲရရင်လည်း နောက်ဆုံး ချန်ပီယံဖြစ်မှာကတော့ တစ်သင်းတည်းပါပဲ။ အဲဒါ ကျွန်တော်တို့ ဖြစ်ချင်တဲ့အရာပါ။ ဘာတွေပဲဖြစ်လာပါစေ အန်ဖီးလ်ကွင်းမှာ ဂိုးသွင်းရတဲ့ခံစားချက်ကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး''ဟု ရေးသားခဲ့သည်။
ဆာလာသည် ၎င်းအလိုရှိသည့် စာချုပ်သက်တမ်းဖြင့် ကမ်းလှမ်းခြင်းမရှိပါက လီဗာပူးလ်အသင်းနှင့် လမ်းခွဲကာ အသင်းသစ်ထံ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သိရသည်။
၎င်းကို ဆော်ဒီကလပ်အသင်းအချို့က အလွန်မြင့်မားသည့် လစာနှုန်းထားပေးချေရန် အသင့်ရှိနေကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
