စပို့တင်းလစ္စဘွန်းအသင်းသည် အာမိုရင်မ် စတင်ကိုင်တွယ်သည့် ၂၀၂ဝခုနှစ် မတ်လမှ စတွက်လျှင် ဥရောပထိပ်သီးလိဂ်(၁၀)ခုထဲတွင် နိုင်ပွဲရာခိုင်နှုန်း အများဆုံးရယူနိုင်သည့်အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
စပို့တင်းလစ္စဘွန်းအသင်းသည် ပြိုင်ဘက် ဘရာဂါအသင်းအား ကိုင်တွယ်နေသည့် လူငယ်နည်းပြ အာမိုရင်မ်ကို ၂၀၂၀ မတ်လတွင် လျော်ကြေး ယူရို(၁၀)သန်းပေးကာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။
အာမိုရင်မ်သည် (၄)နှစ်တာ ကာလအတွင်း၌ စပို့တင်းလစ္စဘွန်းအသင်းကို အမှတ်ပေးချန်ပီယံဆု (၂)ကြိမ် ရယူပေးနိုင်ခဲ့သည်။
၎င်းသည် စပို့တင်းလစ္စဘွန်းနည်းပြအဖြစ် အမှတ်ပေးပွဲစဉ် (၁၅၆)ပွဲ ကိုင်တွယ်ထားရာ နိုင်ပွဲ(၁၂၀)ရရှိခဲ့သည့်အတွက် နိုင်ပွဲရာခိုင်နှုန်း(၇၇%)ရှိနေသည်။
အဆိုပါ နိုင်ပွဲရာခိုင်နှုန်းမှာ ဥရောပထိပ်သီးလိဂ် (၁၀)ခုထဲတွင် အများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာမိုရင်မ်သည် စပို့တင်းလစ္စဘွန်းအသင်းကို ပြိုင်ပွဲစုံ(၂၂၉)ပွဲ ကိုင်တွယ်ရာတွင်လည်း နိုင်ပွဲရာခိုင်နှုန်း (၇၀.၇၄%)ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သည်။
ထို့ကြောင့် စပို့တင်းလစ္စဘွန်းအသင်းတာဝန်ရှိသူများနှင့် ပရိသတ်များက အသင်းတွင် ဆက်ရှိရန် လိုလားခဲ့ကြသော်လည်း ၎င်းက နောက်တစ်ကြိမ် ရရှိရန် မလွယ်ကူသည့် အခွင့်အရေးဖြစ်သောကြောင့် မန်ယူအသင်း၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
