ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းသည် စပို့တင်းလစ္စဘွန်းအသင်းမှ ဆွီဒင်တိုက်စစ်မှူး ဂျိုကာရက်စ်ကို ဥရောပထိပ်သီးကလပ်အသင်းများနှင့် အပြိုင်ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။
ဂျိုကာရက်စ်(၂၆ နှစ်)သည် စပို့ တင်းလစ္စဘွန်းအသင်းတွင် ခြေစွမ်းပြနေသည့်အတွက် ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားသည့် ကလပ်အသင်းများစွာ ရှိနေသည်။ ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းများဖြစ်သည့် အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီး၊ မန်ယူတို့နှင့်အတူ PSG ၊ ဂျူဗင်တပ်စ်နှင့် အေစီမီလန်တို့က ၎င်းကို ခေါ်ယူရန် စောင့်ကြည့်နေကြကြောင်း သိရသည်။
ယခုအခါ အယ်လ်နာဆာအသင်းကလည်း ဂျိုကာရက်စ်ကို ယင်းအသင်းများနှင့်အပြိုင် ကမ်းလှမ်းရန် စီစဉ်လာခြင်းဖြစ်ပြီး လာမည့်နွေရာသီအတွက် အဓိကပစ်မှတ် ကစားသမားဖြစ်ကြောင်း ပေါ်တူဂီမီဒီယာအချို့က ဖော်ပြခဲ့သည်။ ဂျိုကာရက်စ်သည် စပို့တင်းလစ္စ ဘွန်းအသင်းနှင့် ယူရိုသန်း(၁၀၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားသော်လည်း ဥရောပထိပ်သီးကလပ်အသင်းများက အဆိုပါငွေကြေးပမာဏကို ပေးချေရန် အသင့်ရှိနေကြကြောင်းလည်း သိရသည်။
ဂျိုကာရက်စ်သည် လိဂ်ချန် ပီယံရှစ်ကလပ် ကိုဗင်ထရီအသင်းမှ စပို့တင်းလစ္စဘွန်းသို့ ရောက်ရှိခဲ့သူဖြစ်ပြီး လက်ရှိအချိန်၌ အဆုံးသတ်အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးအဖြစ် ရပ်တည်နေသည်။ ၎င်းသည် စပို့တင်းလစ္စဘွန်းအသင်းအတွက် ပြိုင်ပွဲစုံ(၆၅) ပွဲတွင် (၅၉)ဂိုး သွင်းယူပေးထားသူဖြစ်သည်။
ထို့ပြင် ယခုရာသီ၌ (၁၅)ပွဲကစားကာ (၁၆)ဂိုးသွင်းယူထားသည့်အတွက် လီဝန်ဒေါစကီး၊ ဟာရီကိန်း၊ ဟာလန်းတို့နှင့်အတူ ပွဲအရေအတွက်ထက် သွင်းဂိုးပိုများသည့် ကစားသမားတစ်ဦး အဖြစ်လည်း မှတ်တမ်းဝင်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
