ထရီနီဒက်နှင့် တိုဘာဂိုလက်ရွေးစင်အသင်းသည် တိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။
အသက် (၅၂) နှစ်ရှိပြီဖြစ်သူ ဒွိုက်ယော့ခ်သည် အက်စတွန်ဗီလာ၊ မန်ယူ၊ ဘလက်ဘန်း၊ ဘာမင်ဂမ်၊ ဆန်းဒါးလန်းစသည့် ပရီးမီးယားလိဂ်ကလပ်များနှင့် သြစတြေးလျကလပ် ဆစ်ဒနီအသင်းတို့တွင် ကစားခဲ့ဖူးသူဖြစ်သည်။
၎င်းသည် ထရီနီဒတ်နှင့်တိုဘာဂိုအသင်း၏ အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ၁၉၈၉ မှ ၂၀၀၉ ခုနှစ်အထိ (၇၂) ပွဲကစားကာ (၁၉) ဂိုးသွင်းယူပေးခဲ့သည်။
ထရီနီဒတ်နှင့် တိုဘာဂိုအသင်းမှာ ဒွိုက်ယော့ခ်အတွက် ဒုတိယမြောက် ကိုင်တွယ်ခွင့်ရသည့်အသင်းဖြစ်ပြီး သြစတြေးလျကလပ် မက်ကာသာအသင်းကို ၂၀၂၂ ခုနှစ် ဇူလိုင်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီအထိ (၇)လသာ ကိုင်တွယ်ခဲ့ဖူးသော်လည်း သြစတြေးလျဖလားချန်ပီယံဆု ရယူပေးနိုင်ခဲ့သည်။
ဒွိုက်ယော့ခ်က လက်ရွေးစင်အသင်းကို ဦးဆောင်ခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
