ရီးယဲလ်မက်ဒရစ်အသင်းသည် ကြိုတင်သတင်းများထွက်ပေါ်ခဲ့သည့်အတိုင်း လာမည့် ၂၀၂၅ နွေရာသီတွင် လီဗာပူးလ်အသင်းမှ အင်္ဂလန်နောက် ခံလူအာနိုးလ် (၂၆ နှစ်)နှင့် ဘိုင်ယန် မြူးနစ်အသင်းမှ ကနေဒါတောင်ပံကစားသမား အယ်လ်ဖွန်ဆိုဒေးဗီးစ် (၂၄ နှစ်) တို့အားခေါ်ယူနိုင်ရန်နီးစပ်နေပြီဖြစ်ပြီး လက်ရှိတွင် လေဗာကူဆင်အသင်းမှ ဂျာမန်ကွင်းလယ်ကြယ်ပွင့် ဖလော်ရီယန်ဗက်ဇ်ကိုပါ ယူရို (၁၀၀) ဖြင့် ကမ်းလှမ်းရန်စီစဉ်နေကြောင်းသိရသည်။
အာနိုးလ်နှင့် အယ်ဖွန်ဆိုဒေးဗီးစ်တို့သည် လာမည့်နွေရာသီတွင် သက်ဆိုင်ရာကလပ်အသင်းများဖြစ်သည့် လီဗာပူးလ်၊ ဘိုင်ယန်မြူးနစ်အသင်း တို့နှင့် စာချုပ်သက်တမ်းများကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအချိန်အထိစာချုပ် သစ်ချုပ်ဆိုနိုင်ခြင်းမရှိသေးသည့်အ တွက် လာမည့်ဇန်နဝါရီတွင်အသင်း ပြောင်းရွှေ့ရန် စီစဉ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် လာမည့် ၂၀၂၅ နွေရာသီတွင်အသင်းကို အကြီးစားထပ်မံအားဖြည့်ရန်စီစဉ်ထားပြီး အာနိုးလ်နှင့် အယ်လ်ဖွန်ဆိုဒေးဗီးစ်တို့အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရရှိနိုင်မည်ဖြစ်ရာ ဖလော်ရီယန်ဗက်ဇ် အတွက် အနည်းဆုံးယူရိုသန်း (၁၅၀) အသုံးပြုခေါ်ယူသွားရန် စီစဉ်နေကြောင်းစပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။
ရီးယဲလ်အသင်းသည် တိုနီကရို့စ်အနားယူပြီး၊ မိုဒရစ်အသက်အရွယ်ကြီးရင့်လာသည့် အသင်း၏ကွင်းလယ်အတွက် အားဖြည့်မှုများပြုလုပ်သွားရန် စီစဉ်နေခြင်းဖြစ်ပြီး လေဗာကူဆင်အသင်းကမူ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးသည့် ဗက်ဇ်အားရောင်းချသွားရန် အစီအစဉ်မရှိကြောင်းသိရသည်။
ရီးယဲလ်အသင်းသည် လာမည့် နွေရာသီတွင်ကစားသမားခေါ်ယူမှုအတွက် ယူရိုသန်း (၂၀၀)အထိအသုံး ပြုသွားရန် စီစဉ်နေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
