စီးရီးအေလက်ရှိချန်ပီယံ အင်တာမီလန်အသင်း၏ နည်းပြဖြစ်သူဆီမြွန်နီနီအင်ဇာဂီက မိမိအနေဖြင့် ချန်ပီယံပြေးလမ်းထက်မှ ပြိုင်ဘက်နာပိုလီအသင်း၏ ရှုံးပွဲများကို ဂရုမစိုက်ဘဲ မိမိတို့၏ အင်တာမီလန်အသင်းအကြောင်းကိုသာ အာရုံစိုက်ထားသည်ဟုပြောကြားခဲ့သည်။
အီတလီလူမျိုးနည်းပြ ကွန်တီကိုင်တွယ်နေသည့် နာပိုလီအသင်းသည် ယခုရာသီစီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်နေသည့်အသင်းဖြစ်ပြီး နိုဝင်ဘာ (၃)ရက်နေ့က ယှဉ်ပြိုင်ခဲ့သည့် အတ္တလန်တာနှင့်ပွဲစဉ်တွင်မူ (၀-၃)ဂိုးဖြင့်အရေးနိမ့်ခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် ဗင်နီဇီယာကိုအနိုင်ရခဲ့သည့် အင်တာမီလန်နှင့် နာပိုလီအသင်းတို့အကြား ရမှတ် (၁)မှတ်သာ ကွာဟတော့ပြီးချန်ပီယံတိုက်ပွဲမှာ ပိုမိုပြင်းထန်လာပြီဖြစ်ကြောင်း အီတလီမီဒီယာများကဖော်ပြခဲ့ကြခြင်းဖြစ်သည်။
ယင်းအခြေအနေအပေါ် အင်ဇာဂီက "ကျွန်တော်ကတော့ အင်တာမီလန် အသင်းရဲ့အကြောင်းပဲတွေးထားပါတယ်။ ကျွန်တော့်စိတ်ကူးထဲမှာတော့ ကျွန်တော့်အသင်းဘယ်လိုကစားရမယ်၊ ဘာတွေလုပ်ပေးနိုင်မလဲဆိုတာပဲစဉ်းစားပါတယ်။ ကျွန်တော်တို့အနေနဲ့ တခြားအသင်းရဲ့ရလဒ်တွေကိုကြည့်ပေမယ့် ကျွန်တော်တို့ကိုယ်တိုင်ကြိုးစားဖို့ကိုပဲရွေးချယ်ပါတယ်" ဟုဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
