ပါကစ္စတန်နိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့ဖြစ်သည့် လာဟိုးတွင် နိုဝင်ဘာ ၂ ရက်က လေထုညစ်ညမ်းမှု မြင့်တက်နေပြီး မီးခိုးမြူ များ စံချိန်တင်ဖုံးလွှမ်းနေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လူဦးရေ ၁၄ သန်းရှိသည့် လာဟိုးမြို့တွင် ရက်ပေါင်းများစွာကြာ မီးခိုးမြူများ ဖုံးလွှမ်းလျက်ရှိသည်။ ယင်းမီးခိုးများတွင် မြူနှင့်လေထုညစ်ညမ်းမှု ရောနှောပါဝင်နေသည်။
ရာသီအလိုက် သီးနှံ အကြွင်းအကျန်များကို မီးရှို့ဖျက်စီးခြင်းနှင့် ဆောင်းရာသီအတွက် မီးလှုံခြင်းတို့မှထွက် ရှိလာသော မီးခိုများနှင့် အရည်အသွေးနိမ့် ဒီဇယ်မီးခိုးမှုများကြောင့် လေထုညစ်ညမ်းရခြင်း ဖြစ်သည်။
လေထုအရည်အသွေးစံနှုန်းကို တိုင်းတာချက်အရ အန္တရာယ်ရှိသော လေထုအဆင့်ဟု သတ်မှတ်ထားသော အဆင့် ၃၀၀ ထက်ကျော်လွန်၍ အဆင့် ၁,၀၆၇ အ ထိရောက်ရှိနေသည်ဟု လေထုတိုင်းတာရေး IQAir တွင်ဖော်ပြထားသည်။
“ကျွန်တော်တို့တွေရဲ့လေထုက ၁၀၀၀ အဆင့်အထက်ကို ဘယ်တုန်းကမှ မရောက်ခဲ့ဖူးပါဘူး”ဟု အကြီး တန်း သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးအရာရှိ ဂျဟန်ဂီရာအန်ဝါက ဆိုသည်။
“လေထုအရည်အသွေးညွှန်းကိန်းဟာ လာမယ့်သုံးရက်ကနေ လေးရက်အထိ ဒီအတိုင်းပဲဆက်ရှိ နေဦးမှာပါ”ဟုအန်ဝါကဆိုသည်။
“မိခင်တစ်ဦးအနေနဲ့ ကျွန်မအရမ်းစိုးရိမ်မိပါတယ်”ဟု အသက် ၄၂ နှစ်အရွယ် လီလီမာဇာက ဆိုသည်။
“အရင်နှစ်တုန်းက အခုလောက် မဆိုးသေးဘူး။တစ်နေရာရာကများ လေထုညစ် ညမ်းမှု ဗုံးပေါက်ကွဲလာတာလား”ဟု မာဇာက မေးခွန်းထုတ်ခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
