ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် ၂၀၂၄ ကမ္ဘာ့နဂါးလှေလှော်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာလှေလှော်အသင်းသည် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
၂၀၂၄ ကမ္ဘာ့နဂါးလှေလှော်ချန်ပီယံရှစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ ပြူရာတိုပရင်ဆီဇာမြို့တွင် ပြီးခဲ့သည့်အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာလှေလှော်အသင်းသည် ၂၀၂၄ ကမ္ဘာ့နဂါးလှေလှော်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အမျိုးသား + အမျိုးသမီး မီတာ (၅၀၀) ၁၀ တက်လှော်တွင် ရွှေတံဆိပ်၊ အမျိုးသား + အမျိုးသမီး မီတာ(၂၀၀) ၁၀ တက်လှော်တွင် ငွေတံဆိပ်ဆုများ ု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာလှေလှော်အဖွဲ့ချုပ်သည် တရုတ်နိုင်ငံတွင် ကျင်းပမည့် ၂၀၂၅ ကမ္ဘာ့အားကစားပြိုင်ပွဲမှ နဂါးလှေလှော်ပြိုင်ပွဲအတွက် လက်ရည်စစ်ပွဲများအဖြစ် ၂၀၂၄ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ရီချန်းမြိုတွင် ပြီးခဲ့သည့် အောက်တိုဘာ(၂၃) ရက်မှ (၂၇) ရက်အထိလည်းကောင်း၊ ၂၀၂၄ ကမ္ဘာ့နဂါးလှေလှော်ချန်ပီယံရှစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ ပြူရာတိုပရင်ဆီဇာမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိလည်းကောင်း ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာလှေလှော်အဖွဲ့သည် ပထမလက်ရည်စစ်ပွဲဖြစ်သည့် တရုတ်နိုင်ငံ၊ ရီချန်းမြို့တွင် ကျင်းပသည့်၂၀၂၄ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ရွှေတံဆိပ်(၅) ခု၊ ငွေတံဆိပ်(၂) ခု ဆွတ်ခူးရရှိခဲ့သည်။
မြန်မာလှေလှော်အဖွဲ့သည် ယင်းပြိုင်ပွဲတွင် အမျိုးအစား(၈) မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ (၇) မျိုးတွင် ဆုတံဆိပ်များဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာလှေလှော်အဖွဲ့သည် ရွှေတံဆိပ်(၅) ခုကို အမျိုးသား မီတာ(၂၀၀) (၈) တက်လှော်၊ အမျိုးသား မီတာ(၅၀၀) (၁၀) တက်လှော်၊ အမျိုးသား မီတာ(၂၀၀၀) (၁၀) တက်လှော်၊ အမျိုးသား+ အမျိုးသမီး မီတာ(၂၀၀) (၈) တက်လှော်၊ အမျိုးသား+ အမျိုးသမီး မီတာ(၅၀၀) (၈) တက်လှော်၊ ငွေတံဆိပ်(၂) ခုကို အမျိုးသား+ အမျိုးသမီး မီတာ(၂၀၀) (၁၀) တက်လှော်၊ အမျိုးသား+ အမျိုးသမီး မီတာ(၂၀၀၀) (၈) တက်လှော်တို့တွင် ရရှိခဲ့သည်။
မြန်မာလှေလှော်အဖွဲ့သည် လက်ရည်စစ်ပြိုင်ပွဲနှစ်ခုပေါင်း ရွှေတံဆိပ်(၆) ခု၊ ငွေတံဆိပ်(၃) ခုရရှိပြီး ၂၀၂၅ ကမ္ဘာ့အားကစားပြိုင်ပွဲမှ နဂါးလှေလှော်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
