၂၀၂၄ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အုပ်စုအဖွင့်ပွဲတွင် သြစတြေးလျအသင်းနှင့်(၃-၃) ဂိုးဖြင့် သရေကျခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ၂၀၂၄ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပထမပွဲအဖြစ် သြစတြေးလျအသင်းနှင့် ယနေ့ ယှဉ်ပြိုင်ကစားခဲ့ရာ (၃-၃) ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။
မြန်မာဖူဆယ်အသင်းအတွက် ဂိုးများကို ဂိုးသမား မိုင်းစိုးမြတ်ထွေး၊ နိုင်းလင်းထွန်းကျော်နှင့် ထွဋ်ဝေထွန်းတို့က သွင်းယူပေးခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ၂၀၂၄ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အုပ်စု(B) ၌ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားအသင်းတို့နှင့် အတူ ကျရောက်နေသည်။
နိုဝင်ဘာ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စု(B) အခြားပွဲတွင် အင်ဒိုနီးရှားအသင်းက ကမ္ဘောဒီးယားအသင်းကို(၉-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
၂၀၂၄ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို အသင်း ၉ သင်းဖြင့် ကျင်းပနေပြီး အုပ်စု (A) တွင် အိမ်ရှင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ တီမော၊ ဘရူနိုင်းအသင်းတို့ ပါဝင်နေသည်။
အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရပ်တည်မှုရ နှစ်သင်းစီမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ကစားခွင့် ရရှိမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
