အာဆင်နယ်ကစားသမား ထရိုဆက်ဒ်ကို အယ်လ်အစ်တီဟတ်အသင်း ချိန်ရွယ်
24htopnews | November 4, 2024 6:12 PM CST
ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသည် အာဆင်နယ်အသင်းမှ ဘယ်လ်ဂျီယံတိုက်စစ်ကစားသမား ထရိုဆက်ဒ်ကို ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။
အယ်လ်အစ်တီဟတ်အသင်းသည် ထရိုဆက်ဒ်(၂၉ နှစ်) ကို ပြီးခဲ့သည့်နွေရာသီကတည်းက အငှားဖြင့်ခေါ်ယူရန် ကမ်းလှမ်းခဲ့ဖူးပြီး ယခုအထိ ခေါ်ယူရန် စိတ်ဝင်စားနေခြင်း ဖြစ်သည်။
၎င်းတို့က ထရိုဆက်ဒ်အား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ပေါင်သန်း(၄၀)ဖြင့် ကမ်းလှမ်းရန် စီစဉ်နေပြီး အာဆင်နယ်ကလည်း လက်ခံစဉ်းစားဖွယ်ရှိကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။
အာဆင်နယ်အသင်းသည် ထရိုဆက်ဒ်ကို ရောင်းထုတ်ပြီး ဝက်စ်ဟမ်းအသင်းမှ ဂါနာတောင်ပံကစားသမား ကူဒူစ်(၂၄ နှစ်)ကို ပေါင်သန်း(၉၀)ဖြင့် ခေါ်ယူသွားရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်းလည်း Mirror က ဖော်ပြခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
