ပြီးခဲ့သည့် စက်တင်ဘာလက တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် ထိတွေ့တိုက်ပွဲများ ပြန်လည်ငြိမ်သက်နေပြီး ၊ ယခု နိုဝင်ဘာလဆန်းပိုင်းမှစတင်၍ လျှပ်စစ်မီးများ ပုံမှန်ပြန်လည် ရရှိနေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
သို့သော် ယခုနှစ် ဩဂုတ်လမှစတင်ပြတ်တောက်ခဲ့သည့် အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများ ယနေ့အချိန်အထိ ပြန်လည် မရရှိသေးဘဲ ၊ IP Star အမည်ရှိ အင်တာနက်ဆက်သွယ်ရေးစနစ်ကို တစ်နာရီကျပ် ၁၀, ၀၀၀ ခန့် ပေးကာ အသုံးပြုနေကြရသေးကြောင်း သိရသည်။
“ဆိုင်းတောင်က အရင်လို မသာယာသေးပေမယ့် အေးချမ်းစပြုလာပြီဖြစ်သလို လျှပ်စစ်မီးကတော့ အရင်လို ပုံမှန်ဖြစ်နေပါပြီ။ ဘယ်တော့များ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြန်ဖွင့်ပေးမလဲမသိသေးဘူး” ဟု ၎င်းက ပြောသည်။
စက်တင်ဘာ ၇ ရက်က Lucky Men ဟိုတယ်အတွင်း တပ်စွဲထားသည့် KIA လက်နက်ကိုင်အဖွဲ့အား တပ်မတော်ဘက်မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှစ၍ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲကြောင့် ဆိုင်းတောင် ရပ်ကွက် ၃၊ ၄၊၂၊ ၁ အပါအဝင် စမ်းသီတာကုန်း၊ ဘွမ်းရာကုန်းရှိ ဒေသခံပြာ်သူ ၁,၀၀၀ ကျော်မှာ မှော်ရှန်ဘုန်းကြီးကျောင်းသို့ လာရောက်ခိုလှုံခဲ့ကြရပြီး၊ အချို့မှာ နီးစပ်ရာ မှော်အတွင်းရှိ ဆွေမျိုး၊ မိတ်ဆွေထံတွင် ခိုလှုံနေခဲ့ကြရကြောင်း သိရသည်။
ဓာတ်ပုံ-CJ


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
