ဘူတာရုံများရှိ ပလက်ဖောင်းများ မပြီးသေးသည့်အတွက် နိုဝင်ဘာ (၁)ရက်ကစတင်ကာ ပြေးဆွဲရန် ရည်ရွယ်ထားသည့် စပိန်မြို့ပတ်ရထားများ မပြေးဆွဲနိုင်သေးကြောင်း သိရသည်။
“နိုဝင်ဘာ (၂၀) နောက်ပိုင်းမှ စပြေးဆွဲဖြစ်ဖို့များပါတယ်၊ ဘူတာတွေမှာ ပလက်ဖောင်းတွေကျန်နေသေးတယ်” ဟု မြန်မာ့မီးရထားနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။
လက်ရှိတွင် ရန်ကုန်ဘူတာကြီး၌ စပိန်ရထားအတွက် ပလက်ဖောင်းမြှင့်တင်သည့် အပိုင်းများ ပြီးစီးခဲ့ပြီဖြစ်သော်လည်း ရန်ကုန်မြို့ပတ် အရှေ့ဘက်အခြမ်း လမ်းကြောပေါ်ရှိ မေတ္တာညွန့်ဘူတာနှင့် တာမွေဘူတာတို့တွက် ပလက်ဖောင်းမြှင့်သည့်လုပ်ငန်းများ မပြီးဆုံးသေးကြောင်း သိရသည်။
ထိုနည်းတူ တာမွေဘူတာကိုလည်း ဘူတာရုံအသစ် ပြန်တည်ဆောက်နေကာ မြို့ပတ်ရထားလမ်းကြောပေါ်ရှိ ဘူတာရုံများတွင် ပလက်ဖောင်းမြှင့်တင်ခြင်းလုပ်ငန်းများ ကျန်ရှိနေသေးခြင်း ဖြစ်သည်။
မြို့ပတ်ရထားလမ်းကြောင်းတွင်မူ ယခင်က ဂျပန်နိုင်ငံထုတ် RBE ရထားတွဲများအတွက် ပလက်ဖောင်းများကို (၄) ပေအထိ မြှင့်ခဲ့ပြီး (၂) နှစ်အကြာတွင် စပိန်နိုင်ငံထုတ် DEMU ရထားတွဲဆိုင်းများအတွက် မူလက (၄) ပေ မြှင့်ထားသည့် ကျောက်ပြားချပ်များကို ပြန်ခွာပြီး နောက်ထပ် (၁)ပေခွဲ ထပ်မြှင့်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထိုနည်းတူ မြို့ပတ်ရထား လက်မှတ်ခများကို ပြီးခဲ့သည့်အောက်တိုဘာ (၂၀) ရက်ကစပြီး မြို့အရှေ့ခြမ်းနှင့် အနောက်ခြမ်း တစ်ခြမ်းစီ စီးနင်းခကို ကျပ် (၂၀၀)မှ (၄၀၀) ကျပ် ၊ မြို့တစ်ပတ်စာ ခရီးအတွက် ကျပ် (၃၀၀) မှကျပ် (၈၀၀) ကျပ် အထိ တိုးမြှင့်သတ်မှတ်ထားသည်။
လက်ရှိတွင် ရန်ကုန်-ပဲခူးသို့ စမ်းသပ်ပြေးဆွဲနေသည့် အစုန်အဆန် ရထားကို လူထုအကြားစိတ်ဝင်စားမှုရှိနေပြီး အဆိုပါ ရထားသည် ရန်ကုန် – ပဲခူး၊ ပဲခူး – ရန်ကုန် ခရီးစဉ်တွင် လမ်းခရီးတလျှောက်ရှိ ဘူတာ (၁၂) ခု၌ ရပ်တန့်ပေးမည်ဖြစ်ကာ ရထားလက်မှတ်ခ နှုန်းထားအနေဖြင့် ရန်ကုန်ဘူတာကြီးမှ ဒါးပိန် ဘူတာအထိ ခရီးတစ်ဝက်ကို (၁၃၀၀) ကျပ်၊ ခရီးစဉ်အစမှ အဆုံးထိ တစ်ဦးကို (၂၅၀၀) ကျပ် သတ် မှတ်ထားသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
