ကြက်ခြေနီလှုပ်ရှားမှုအား အများပြည်သူ သိရှိ နားလည်စေရန် အသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နိုဝင်ဘာ (၄) ရက်တွင် ရန်ကုန်မြို့ရှိ Summit Parkview Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအတွင်း ကြက်ခြေနီ လှုပ်ရှားမှု ၏ လူမှုကရုဏာလုပ်ငန်းများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်၊ ကြက်ခြေနီလှုပ်ရှားမှုများတွင် ပိုမိုပါဝင် ဆောင်ရွက်လာစေရန်၊ ပြည်တွင်းပြည်ပရှိ ဘေးအန္တရာယ် ကျရောက်လွယ်သူများအတွက် လူမှုကရုဏာအကူအညီပေးနိုင်သည့် စွမ်းဆောင်ရည် ပြည့်ဝသောအမျိုးသား ကြက်ခြေနီအသင်း ဖြစ်လာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှုများ ၊ အခြေခံမူများ၊ အကောင်းဆုံးလှုပ်ရှားမှု စံနမူနာများနှင့် သက်ဆိုင်သည့် ဗဟုသုတများကို နားလည်၍ လေးစားလိုက်နာစေရန် သာမက ပြန်လည်ဆင့်ပွားပေးနိုင်ရန်နှင့် လုပ်ငန်းများတွင် ပိုမိုတက်ကြွစွာနှင့် ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
ယခုအလုပ်ရုံဆွေးနွေးပွဲအား ဧရာဝတီတိုင်းအတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ ပထမအကြိမ်အဖြစ် ယနေ့နိုဝင်ဘာ (၄) ရက်မှ (၆) ရက်အထိ လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ (၁၁) ရက်မှ (၁၃) ရက်အထိလည်းကောင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အလုပ်ရုံ ဆွေးနွေးပွဲသို့ မြန်နာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့် တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကြည်အောင်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Cooperation Coordinator Ms. Bonny Foo တို့က တက်ရောက်ခဲ့ကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
