ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း၌ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စံချိန်တင်ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ခဲ့သည့်အိမ်ထောင်စုဝင်များအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရနှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများအား ပြည်နယ်ဝန်ကြီးချုပ်မှ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမ၌ ယမန်နေ့ နိုဝင်ဘာ ၃ ရက်မွန်းလွဲပိုင်းက ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေကျပ် (၂၂၄ ဒသမ ၆)သန်းနှင့် မိုင်းဆတ်မြို့နယ်၊ ဝမ်ဟုံဒေသရှိ သီးနှံစိုက်ခင်းများပျက်စီးမှုအတွက် ထောက်ပံ့ငွေကျပ်(၁၉၇ ဒသမ ၁)သန်းတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရေဘေးသင့်ချိန်၌ ရေဘေးသင့်အိမ်ထောင်စုဝင်များအား လှူဒါန်းမှုများပြုလုပ်ခဲ့ကြသည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
