၂၀၂၄ -၂၀၂၅ ကြံကြိတ်ခွဲရာသီအတွက် ကြံတစ်တန်ကြမ်းခင်းဈေးကို (၁၇၀၀၀၀) ကျပ်သတ်မှတ်ပေးရန် ကြံစိုက်တောင်သူများအနေဖြင့် မျှော်လင့်နေကြောင်း ကြံစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။
သွင်းအားစု စရိတ်မြင့်တက်လာခြင်းကြောင့် ကြံတစ်တန်ကြမ်းခင်းဈေးကို (၁၇၀,၀၀၀) ကျပ်ပေးမှသာ အဆင်ပြေနိုင်ကြောင်း၊ယင်းကြောင့် သက်ဆိုင်ရာ သကြားစက်များကို တောင်းဆိုရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။
” တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးစရိတ်ကမြင့်တက်လာတယ်။ အဓိက မြေဩဇာဈေးတွေ တတ်လာတယ်။ (၁၅၀၀၀၀) ပဲပေးမယ်ဆိုရင် ဘယ်လိုမှ မကိုက်ဘူး။ ဒါကြောင့် ဒီနှစ်ကို ပိုပေးစေချင်တာ”ဟု ကြံစိုက်တောင်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ပြီးခဲ့သည့်နှစ်ကြံရာသီတွင် ကြံတစ်တန် ကြမ်းခင်းဈေးနှုန်း (၁၅၀၀၀၀) ကျပ်အထိဈေး အမြင့်ဆုံးရခဲ့ကြောင်း ကြံကို တစ်နှစ်လျှင် တစ်သီးစားသာ စိုက်ပျိုးရခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင် ကြံစိုက်တောင်သူပေါင်း (၃) သိန်းကျော်အထက်ရှိကြောင်း သိရသည်။
ပြည်တွင်း၌ ကြံစိုက်ဧကပေါင်း ၄ ဒသမ ၅ သိန်းကျော်ဝန်း ကျင်ရှိပြီး ယင်းစိုက်ပျိုးမှုမှ သကြားထုတ်လုပ်မှုသည်လည်း နှစ်စဉ်ပျမ်းမျှ တန်ချိန်ပေါင်း (၄) သိန်းခွဲမှ (၅)သိန်းကြား ရှိကြောင်း ၊ ကြံကို ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်တောင်ပိုင်း)၊ စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် အများဆုံး စိုက်ပျိုးကြပြီး ပဲခူးတိုင်း (အရှေ့ပိုင်းနှင့် အနောက်ပိုင်း) တို့တွင်လည်း စိုက်ပျိုးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
