အင်ဒိုနီးရှားအရှေ့ပိုင်းရှိ မီးတောင်တစ် တောင်သည် ညအချိန်ပေါက်ကွဲမှုဖြစ်ပွားခဲ့ ပြီး မီးလုံးကြီးများနှင့် ပြာများသည် အနီးဝန်း ကျင်ရှိ ကျေးရွာများပေါ် ကျဆင်းလာမှု ကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ ၄ ရက် တွင် ပြောကြားခဲ့ပြီး အမြင့်ဆုံးအဆင့်သတိ ပေးချက် ထုတ်ပြန်ထားသည်ဟုဆိုသည်။
ခရီးသွားများအကြား ထင်ရှားသည့် ဖ လော်ရက်စ်ကျွန်းပေါ်ရှိ အမြင့် ၅၅၈၇ ပေ ရှိ အမြွှာမီးတောင်ဖြစ်သော လီဝိုတိုဘီလာကီ လာကီတောင်တွင် ညသန်းခေါင်ယံအချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ အာဏာပိုင်များက ဒေသခံများ ဘေးကင်းလုံခြုံရန်အတွက်ကျေး ရွာအများအပြားကို ပြောင်းရွှေ့မိန့်ထုတ်ပြန် ထားသည်။မီးတောင်ဝမှမီးလုံးကြီးများနှင့် ချော် ပြာများကို နေအိမ်များဆီ စတင်ပစ်လွှတ် ချိန် တွင် ကြောက်မက်ဖွယ်ကောင်းသော အ ဖြစ်အပျက်များကို ဒေသခံများက ပြန်ပြောင်း ပြောပြခဲ့သည်။
“ကျွန်တော်အိပ်ပျော်နေတုန်း ကုတင် က ရုတ်တရက် နှစ်ကြိမ် လှုပ်သွားခဲ့ပါတယ်။ တစ်ယောက်ယောက်က ကုတင်ကိုတိုက်သွား သလိုမျိုးပေါ့။နောက်မှ သတိထားမိတာက မီးတောင်ပေါက်ကွဲနေတယ်ဆိုတာပါပဲ။အဲ ဒါနဲ့ ကျွန်တော်အပြင်ကို ပြေးထွက်ခဲ့ပါတယ်”ဟု အသက် ၃၂ နှစ်အရွယ် ဆံပင်ညှပ်သမား တစ်ဦးဖြစ်သည့် ဟာမာနက်စ်မိုက်ကဆို သည်။
“မီးလုံးကြီးတွေ ကျွန်တော့်ဆီလာနေ တာကို တွေ့တော့ ချက်ချင်းဆိုသလိုထွက် ပြေးခဲ့ပါတယ်။ချော်ပြာတွေနဲ့ ကျောက်ခဲတွေ ကတော့ နေရာတိုင်းလိိုလိုပါပဲ။ကျွန်တော့်ရဲ့ ဆံပင်ညှပ်ဆိုင်လေး မီးလောင်သွားပြီးဆိုင်ထဲ က ပစ္စည်းတွေအားလုံး ဆုံးရှုံးသွားခဲ့ပါတယ်” ဟု ၎င်းင်းက ပြောပြခဲ့သည်။
နိုုင်ငံ၏ သဘာဝဘေးအန္တရာယ်လျော့ ပါးသက်သာရေးအေဂျင်စီ(BNBP)မှပြော ရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ်မာဟူရီက သတင်း စာရှင်းလင်းပွဲတွင် သေဆုံးသူစုစုပေါင်းအရေ အတွက်ကို အတည်ပြုခဲ့ပြီး မီးတောင်ပေါက် ကွဲမှုကို ကြုံတွေ့ခံစားရသူ ၁၀၂၉၅ ဦးရှိ ကြောင်း ထုတ်ပြန်ထားသည်။
ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်သူအ ရေအတွက်ကို ဆက်လက်တွက်ချက်နေ ကြောင်း ၎င်းကဆိုသည်။
ကျေးရွာငါးရွာကို ဘေးလွတ်ရာရွှေ့ ပြောင်းမိန့် ထုတ်ပြန်ထားပြီး လူပေါင်းသောင်း ချီက အခြားနေရာများတွင် ခိုလှုံနေထိုင်ခဲ့ရ ကြောင်း မီးတောင်အနီးရှိ အေအက်ဖ်ပီသ တင်းထောက်တစ်ဦးက ပြောပြခဲ့သည်။မီးတောင်အနီးရှိ အဆောက်အအုံများ သည် ပြာများဖြင့် ဖုံးလွှမ်းနေပြီး သစ်သားအိမ် အချို့ မီးစွဲလောင်ခဲ့ကြသည်။
မီးတောင်ဝသည် ညသန်းခေါင်ယံမတိုင် မီ ပေါက်ကွဲခဲ့ပြီးနောက် နိုဝင်ဘာ ၃ ရက်ဒေ သစံတော်ချိန် နံနက် ၁ နာရီ ၂၇ မိနစ်နှင့် ၂ နာရီ ၄၈ မိနစ်တို့တွင် ထပ်မံပေါက်ကွဲခဲ့ ကြောင်း နိုင်ငံ၏ မီးတောင်ဆိုင်ရာအေဂျင်စီ က ပြောကြားခဲ့သည်။
မီးတောင်ဆိုင်ရာအေဂျင်စီက အမြင့် ဆုံးသတိပေးချက်ထုတ်ပြန်ထားပြီး ဒေသခံ များနှင့် ခရီးသွားများအနေဖြင့် မီးတောင်အ နီး ခုနစ်ကီလိုမီတာအတွင်း သွားလာလှုပ်ရှား မှုများ မပြုလုပ်ကြရန် တိုက်တွန်းထားသည်။
ဆိုးရွားသောရာသီဥတုအခြေအနေ ကြောင့် အစောပိုင်းမီးတောင်ပေါက်ကွဲမှုကို သိရှိခဲ့ခြင်းမရှိဟုဒေသခံများကဆိုသည်။
“မိုးကြိုးတွေပစ်ပြီး လျှပ်စီးလက်နေတဲ့ အတွက် မီးတောင်ကနေ သတိပေးလက္ခဏာ ရပ်တွေကို မသိကြတာဖြစ်ပါတယ်”ဟုကျေး ရွာအုပ်ချုပ်သူပီထရက်စ်မူဒါတူရန်ကဆို သည်။ Ref;AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
