ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့် ခေတ္တဝန်ကြီးချုပ်ဦးဘော့စကိုအပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများအား တပ်မတော်က ထိန်းသိမ်း ထားကြောင်း သိရသည်။
အဆိုပါထိန်းသိမ်းခံရမှုတွင် ခေတ္တဝန် ကြီးချုပ် ဦးဘော့စကို၊ ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတင်မြင့်၊ ဝန်ကြီးဦးတီရယ်၊ ဝန်ကြီး ဦးမော်မော်နှင့် NLD ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းဌေး၊ ဘောလခဲမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးစိုင်းကြီးတို့ပါဝင်ကြောင်း သိရသည်။
သို့ရာတွင် ဝန်ကြီးဒေါက်တာအောင်ကျော်ဌေးမှာ ထိန်းသိမ်းခံရသည့်အထဲတွင် ပါဝင်ခြင်းရှိ မရှိမသိရသေးပေ။
လွိုင်ကော်မြို့နယ်တွင် ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင်းမြို့တွင်း၌ တပ်မတော်မှ တင့်ကားနှင့် အခြားယာဉ်များဖြင့် လုံခြုံရေး လှည့်လည်ခဲ့သည်ကိုတွေ့ရပြီး ဒေသကွပ် ကဲရေး စစ်ဌာနချုပ်-လွိုင်ကော်လမ်းအား သံဆူးကြိုး အတားအဆီးများဖြင့် ကာရံထား သည်ကို တွေ့ရသည်။
ထို့အတူ ညနေပိုင်းတွင် လွိုင်ကော်မြို့ တွင်းတွင် လုံခြုံရေးအတွက် ရဲကားများဖြင့်လှည့်လည်လျက်ရှိပြီး မြို့နေလူထုမှာ ယခင် ကဲ့သို့ သွားလာလျက်ရှိသည်ကိုတွေ့ရကာ အစိုးရရုံး၊ လွှတ်တော်ဝန်းနှင့် NLD ပြည်နယ် ရုံးတို့ကို တပ်မတော်မှ လုံခြုံရေး ယူထားသည် ကို တွေ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
