ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် လူမှုရေးဝန်ကြီးအပါအဝင် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှတို့မှာ ထိန်းသိမ်းခံရကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့ နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က “ဝန်ကြီးချုပ်ထိန်းသိမ်းခံရတယ်ဆိုတာတော့ ဟုတ်တယ်။ စောစောပိုင်း ကတော့ မိသားစုတွေကိုလည်း ခေါ်သွားတယ် တဲ့ နောက်ပိုင်းတော့ ပြန်လွှတ်လိုက်တယ် လို့ ပြောတယ်။ ဝန်ကြီးချုပ်ကို ဂွက တပ်နယ် တစ်ခုမှာ ထိန်းသိမ်းထားတယ်လို့သိရတယ်။ နောက်ပြီး လူမှုရေးဝန်ကြီးလည်း ထိန်းသိမ်း ခံရတယ်လို့ ပြောသံကြားတယ်။ တစ်ချို့ဝန် ကြီးတွေက ဖုန်းပိတ်ထားတော့ အသေချာ မသိရသေးပါ” ဟု ပြောကြားသည်။
ထို့ပြင် ရသေ့တောင်မြို့နယ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ သည်လည်း ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ခေါ်ယူထိန်းသိမ်းခံရပြီးနောက် ပြန်လွှတ် လိုက်ကြောင်း သိရသည်။
လက်ရှိတွင် စစ်တွေမြို့၌ လမ်းများတွင် ပုံမှန်သွားလာမှုများကို မြင်တွေ့နေရပြီး စျေးဆိုင်များမှာလည်း ပုံမှန်အတိုင်းသာ ရောင်းချနေသည်ကိုတွေ့ရှိရကြောင်းလည်း သိရသည်။
ထို့ပြင် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ ထိန်းသိမ်းခံထားရသည်မှာ မှန်ကန်ကြောင်းနှင့် နံနက် ၅ နာရီကတည်းက နေအိမ်မှ ခေါ်ဆောင်သွားခဲ့ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
