လွှတ်တော်ကိုယ်စားလှယ်များအား ထိန်းသိမ်းထားသည့်နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂)တွင် တပ်မတော်မှ သံချပ်ကာ ကားအပါဝင် တပ်မတော်သားများ ပါဝင်သည့် ကားအစီရေ ခုနစ်စီးခန့်ဖြင့်လုံခြုံရေး ထပ်မံတိုးမြှင့်ချထားသည်ကို ယနေ့ညနေပိုင်းကတွေ့ရှိရသည်။
ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်းက တတိယအကြိမ်လွှတ်တော်တက်ရောက်မည့် ကိုယ်စားလှယ်များတည်းခိုနေထိုင်သည့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂)တွင် တပ်မတော် ကားအစီးရေ သုံးစီးခန့် ဖြင့်သာလုံခြုံးရေးချထားသော်လည်း လက်ရှိအချိန်တွင် လုံခြုံရေးတိုးမြှင့်ချထားသည်ကို တွေ့ရှိရခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်များတည်းခိုနေထိုင်သည့် စည်ပင်ဧည့်ရိပ်သာအား အဝင်/အထွက်ကန့်သတ်ထားရှိပြီး ညနေ ၆ နာရီအချိန်အထိ လွှတ်တော်ကိုယ်စားလှယ်များအား တပ်မတော်ဘက်မှတစ်စုံတစ်ရာ ညွှန်ကြားပြောဆိုထားခြင်းရှိသေးကြောင်း သိရသည်။
"အခုအချိန်အထိတော့ ကိုယ့်အခန်းထဲမှာ အေးအေးဆေးဆေးပါပဲ။လက်ရှိအချိန်အထိတော့ ဘာမှမကြားရသေးဘူး။စားရေးသောက်ရေးနဲ့ပတ်သက်လို့ကတော့ အိမ်ကပါလာတဲ့ဟာတွေကိုချက်ပြုတ်စား သောက်နေပါတယ်" ဟု စည်ပင်ဧည့်ရိပ်သာသို့ရောက်ရှိနေသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောသည်။
တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်ပြင်ဆင်နေသည့်လွှတ်တော်ကိုယ်စားလှယ်များအား ယနေ့နံနက်ပိုင်းအစောပိုင်းက တပ်မတော်မှကားအစီးအရေသုံးစီခန့်ဖြင့် စည်ပင်ဧည့်ရိပ်သ ာအဝင်/အထွက် ဂိတ်နှစ်ခုအား ပိတ်ဆို့ထားကာ စည်ပင်ဧည့်ရိပ်သာပတ်ဝန်းကျင်အား တပ်မတော်သားများမှ လုံခြုံရေးယူထားကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
