၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက် နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည့် ပြည်တွင်းခရီးစဉ်ပျံ သန်းမှုများရပ်ဆိုင်းခဲ့ပြီး ပြည်တွင်းလေဆိပ်များအားလုံး ပိတ်ထားကာ ပြည်တွင်း လေကြောင်း ခရီးသွားလာမှုများရပ်ဆိုင်းခဲ့ကြောင်းသတင်းရရှိသည်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့ နံ နက်မှ စတင်ကာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည့် ပြည်တွင်း လေကြောင်းလိုင်းများအားလုံး၏ လေ ကြောင်းခရီးစဉ်များအား ရပ်ဆိုင်းခဲ့ခြင်းဖြစ် ကာ မြန်မာနိုင်ငံတွင်းရှိ ပြည်တွင်းလေဆိပ် များအားလုံးကို ယာယီပိတ်ထားကြောင်း သိ ရသည်။
“ကျွန်တော်တို့လည်း ဘာမှ မသိရပါ ဘူး။ လေကြောင်းလိုင်းက crew တွေကို သွားကြိုတဲ့ ကားတွေလည်း လေဆိပ်အဝင် လမ်းကိုရောက်မှ လေဆိပ်ပိတ်ထားတယ်ဆို တာသိရပြီး ပြန်လှည့်ခဲ့ရတယ်။ ဖေဖော်ဝါရီ ၁ရက် မနက်စောစော ခရီးစဉ်နဲ့ လိုက်ပါမယ့် ခရီးသည်တွေတောင် လေယာဉ်ပေါ်ရောက် ပြီးမှ ပြန်ဆင်းခဲ့ရတယ်။ ဖေဖော်ဝါရီ ၁ရက် ကစပြီး ပြည်တွင်းခရီးစဉ်ပျံသန်းမှုတွေ အားလုံး ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်” ဟု ပြည်တွင်းလေကြောင်းလိုင်းတစ်ခုမှ လေယာဉ်မှူးကြီးတစ်ဦးကပြောကြားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်း ပြည်ပလေယာဉ်များ ဆင်း သက်ပျံသန်းခွင့်အား ဖေဖော်ဝါရီ ၁ရက်နေ့ မှ မေလ ၃၁ရက်နေ့အထိ ရပ်ဆိုင်းကြောင်း NOTAMs ထုတ်ပြန်ထားကြောင်း ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာ နမှ သတင်းရရှိသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်း ပြည်ပလေယာဉ်များဆင်း သက်ပျံသန်းခွင့်အား ၂၀၂၁ခုနှစ် ဖေဖော် ၀ါရီ ၁ရက်မှ မေလ ၃၁ရက်နေ့အထိ ရပ်ဆိုင်း ကြောင်း NOTAMs (Notice to Airmen)အား ထုတ်ပြန်ထားခြင်းဖြစ်ကြောင်းသိရ သည်။
COVID-19 ရောဂါအခြေအနေများ ကြောင့် ရပ်နားထားခဲ့သည့် ပြည်တွင်းလေကြောင်းလိုင်းများ၏ ပုံမှန်ခရီးစဉ်ပျံသန်းမှု များကို ၂၀၂ဝပြည့်နှစ်၊ ဒီဇင်ဘာ၁၆ရက်တွင် ပြန်လည်ပျံ သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာပြည်တွင်းလေကြောင်းလိုင်း များဖြစ်သည့် Air KBZ လေကြောင်း လိုင်းသည် ၂၀၂ဝပြည့်နှစ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် လည်းကောင်း၊ Golden Myanmar လေကြောင်းလိုင်းသည် ၂၀၂ဝပြည့်နှစ်၊ ဒီဇင်ဘာ ၁ရရက်တွင်လည်း ကောင်း၊ Air Thanlwin လေကြောင်းလိုင်း သည် ဒီဇင်ဘာ ၃ဝရက် တွင်လည်းကောင်း ပြည်တွင်းခရီးစဉ်များကိုအသီးသီး စတင် ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်းလေကြောင်းလိုင်း တစ်ခုဖြစ်သည့် Mann Yadanarpon လေကြောင်း လိုင်းသည် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီ၁၄ရက်နေ့ တွင်ပြည်တွင်း ခရီးစဉ်များ စတင်ပျံသန်း ခဲ့ပြီး၊လေယာဉ် စင်းလုံးငှားခရီးစဉ် (Charter Flight Service) များကို လက်ခံ လျက်ရှိကြောင်း အသိပေးချက် ထုတ်ပြန် ထားသည်။
COVID-19 ရောဂါအခြေအနေများ ကြောင့် ရပ်နားထားခဲ့သည့် ပြည်တွင်းလေ ကြောင်းလိုင်းများ၏ ပုံမှန်ခရီးစဉ်ပျံသန်းမှု များကိုဒီဇင်ဘာ၁၆ရက်တွင် ပြန်လည် စတင်ခဲ့ရာ အဆိုပါ ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် စီးနင်းလိုက်ပါမည့် ခရီး သွားများအနေဖြင့်၃၆နာရီအတွင်း စစ် ဆေးထား သည့် COVID-19 ကင်းရှင်း ကြောင်းစစ်ဆေးချက်ရရှိထားမှသာ လေ ကြောင်းခရီးစဉ်ဖြင့် လိုက်ပါခွင့်ရရှိမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
