ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်တွင်းပြည်ပ လေယာဉ်များ ဆင်းသက်ပျံသန်းခွင့်အား ၂၀၂၁ ခုနှစ် ဧပြီ ၃၀ ရက် အထိ ရပ်ဆိုင်း ကြောင်း NOTAMs ထုတ်ပြန်ထားကြောင်း ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်းပြည်ပလေယာဉ်များ ဆင်း သက်ပျံသန်းခွင့်အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိ ရပ်ဆိုင်းကြောင်း NOTAMs (Notice Airmen) အား ထုတ် ပြန်ထားခြင်းဖြစ်သည်။
“ရန်ကုန်လေဆိပ်မှာ ပြည်တွင်းပြည်ပ လေကြောင်းခရီးစဉ်တွေ ဆင်းသက်ခွင့် ရပ် ဆိုင်းကြောင်း NotaMs (Notice Airmen) ထုတ်တယ်ဆိုတာကတော့ လေကြောင်း ကဏ္ဍတစ်ခုလုံးကို အသိပေးချက် ထုတ်ပြန် လိုက်တာပေါ့နော်။ လေကြောင်းကြေးနန်း သဘောမျိုးပေါ့။ လေ ကြောင်းပျံသန်းမှု အားလုံးကို ရပ်ဆိုင်းစေ တာကို လေဆိပ်တွေရော၊ ပြည်တွင်း ပြည်ပက လေ ကြောင်းလိုင်းတွေ ရော၊ ဝန်ထမ်းတွေအကုန် လုံးကို သိရှိနိုင်ဖို့ ထုတ်ပြန်တာပါ။ ICAO ရဲ့ လုပ်ထုံးလုပ်နည်းတွေ အတိုင်း NOTAMs တစ်ခါထုတ်ရင် ၈၉ ရက် ရှိတာပေါ့။ တစ်ခုရှိတာ က ဒီ NOTAMs ကို စောပြီးလည်း ရပ်ဆိုင်း လို့ရပါတယ်။ ဒါကတော့ထုတ်ပြန်ချက်ပေါ်မူတည်ပါ တယ်။ ရပ်ဆိုင်းကာလ ၈၉ ရက် မပြည့်ခင်မှာလည်း ဒီထုတ်ပြန်ချက်ကို ရပ်ဆိုင်းချင် ရပ်ဆိုင်းနိုင်ပါတယ်” ဟုပို့ ဆောင် ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
COVID-19 ရောဂါကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတ ကာခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းထားသည့်ကာလတွင် ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုန်စည်သယ် ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များကို လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိ သည်။
COVID-19 ရောဂါကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတ ကာခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းထားသည့် ကာလတွင် IndiGo လေကြောင်းလိုင်း၏ ကုန်စည်သယ်ယူပို့ ဆောင်ရေးခရီးစဉ်သည် အကြိမ်ရေ ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
အိန္ဒိယနိုင်ငံ၏မြို့တော် ကာလကတ္တား နှင့် ရန်ကုန်မြို့အား ချိတ်ဆက်ပျံသန်းနေ သည့် IndiGo လေကြောင်းလိုင်း၏ ကုန် စည်သယ်ယူပို့ဆောင်ရေးလေယာဉ်ခရီးစဉ် (non scheduled charter flights) ကို ၂၀၂၀ ပြည့်နှစ် မေ ၁ ရက်မှစ၍ ပျံသန်းပြေး ဆွဲခဲ့ပြီး၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အခြေခံ လူသုံးကုန်ပစ္စည်းများကို သယ်ယူပို့ဆောင် ပေးခဲ့ခြင်းဖြစ်သည်။
လေကြောင်းခရီးသွားလာခြင်းမှတစ် ဆင့် မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ရန်ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာ မှ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ကာလအား ၂၀၂၁ ခုနှစ်နှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို ၂၀၂၀ ပြည့်နှစ် မတ် ၃၀ မှစတင်ပြီး ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
