မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာလွှဲပြောင်းရယူပြီးနောက် ပိတ်ဆို့မှုဥပဒေများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ပြီး သင့်လျော်သည့် အရေးယူလုပ်ဆောင်မှုများ ပြုလုပ်သွားမည်ဟု အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။
“မြန်မာပြည်သူတွေဟာ ရွေးကောက်ပွဲတွေ ပြုလုပ်ပြီး အရပ်သား အုပ်ချုပ်ရေးစနစ် ထူထောင်မှုနဲ့ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းမှုတွေကို တည်တည်ငြိမ်ငြိမ် လုပ်ဆောင်လာခဲ့တာဟာ ဆယ်စုနှစ်တစ်ခုနီးပါးရှိခဲ့ပါပြီ” ဟု ဘိုင်ဒင်က အစီရင်ခံစာတွင်ပြောကြားခဲ့ပြီး ၀ါရှင်တန်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းသည့်ကာလအတွင်း ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။
“ အဲဒီလို အခြေအနေတွေကို ကပြောင်းကပြန်ဖြစ်စေမှုကြောင့် ကျွန်တော်တို့ရဲ့ ပိတ်ဆို့မှုဥပဒေတွေနဲ့ အခွင့်အာဏာတွေကို ချက်ချင်းပြန်လည်သုံးသပ်ဖို့ လိုအပ်လာစေခဲ့ပြီး သင့်တော်တဲ့ အရေးယူမှုကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ဘိုင်ဒင်ကပြောကြားခဲ့ပြီး အခြားနိုင်ငံများကိုလည်း ယင်းကဲ့သို့ လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။
အမေရိကန် အထက်လွှတ်တော်ကလည်း မြန်မာနိုင်ငံ၏လက်ရှိအခြေအနေကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဖေဖော်ဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။
“ကွန်ဂရက်ဟာ ဒီအခြေအနေကို ဖြေရှင်းဖို့ အမေရိကန်အစိုးရအဖွဲ့သစ်နဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့ အသင့်ရှိနေပါတယ်” ဟု အထက်လွှတ်တော်၏ အမတ်အများစု ခေါင်းဆောင် ချက်ရှူမာက ပြောကြားခဲ့သည်။
ကုလသမဂ္ဂအပါအဝင် အမေရိကန်နှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ အစိုးရများသည် မြန်မာနိုင်ငံတွင် တပ်မတော်၏ အာဏာသိမ်းမှုအပေါ် အလွန်စိုးရိန်ကြောင်း ဖော်ပြခဲ့ပြီး ထိန်းသိမ်းခံထားရသည့် နိုင်ငံရေးခေါင်းဆောင်များကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း မြန်မာနိုင်ငံတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို တပ်မတော်က လွှဲပြောင်းရယူကြောင်း ကြေညာခဲ့မှုအပေါ် အလွန်စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ယင်းအခြေအနေများသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများအတွက် ဆိုးရွားသည့် ထိုးနှက်ချက်တစ်ခုဖြစ်သည်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်ရေးအခြေအနေဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကလည်း မြန်မာနိုင်ငံကို ပိတ်ဆို့မှုများပြုလုပ်ရန် နိုင်ငံအသီးသီးကို တောင်းဆိုခဲ့သည်။
“ဒီမိုကရေစီကို ပြန်လည်ထိန်းသိမ်းနိုင်တဲ့ အချိန်ကို မရောက်မချင်း ခိုင်မာစွာသတ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေနဲ့ လက်နက်ရောင်းဝယ်မှု ပိတ်ပင်ကန့်သတ်မှုတွေ အပါအဝင် တိကျပြတ်သားတဲ့ လုပ်ဆောင်ချက်တွေဟာ အရမ်းအရေးကြီးပါတယ်” ဟု အန်ဒရူးစ်က ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် Refugees International ကလည်း မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် အခြေအနေကို ရှုတ်ချခဲ့ပြီး အရပ်သားများအပေါ် တပ်မတော်၏ ဆက်ဆံမှုနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
