ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါလာသော တရုတ်၊ ထိုင်း နှင့် မလေးရှားနိုင်ငံမှ ပြန်လာသူများတွင် COVID-19 ပိုး ထပ်မံတွေ့ရှိထားပြီး လက်ရှိ ပြည်ပပြန် ၁၈၀ ကျော်တွင် ပိုးတွေ့ရှိထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ဇန်နဝါရီ ၃၀ ရက်မှ ၃၁ ရက်အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၆၂၇၉ ခုကို စစ်ဆေးခဲ့ရာ အတည်ပြုလူနာအသစ် ၂၈၁ ဦး ရှိကြောင်းနှင့် ၎င်းတို့အနက် တရုတ်နိုင်ငံမှ ပြန်လာသူ တစ်ဦး၊ ထိုင်းနိုင်ငံမှ ပြန်လာသူ တစ်ဦးနှင့် မလေးရှားနိုင်ငံမှ ပြန်လာသူ တစ်ဦးတို့တွင် COVID-19 ပိုး ထပ်မံတွေ့ရှိထားပြီး ၎င်းတို့ကို အသွားအလာ ကန့်သတ်ခြင်း တင်းကြပ်စွာ ဆောင်ရွက်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဂျော်ဒန် နှင့် အိန္ဒိယနိုင်ငံမှ ပြန်လာသူ ၆၆ ဦး၊ မလေးရှားနိုင်ငံမှ ပြန်လာသူတစ်ဦး၊ တောင်ကိုရီးယားနိုင်ငံမှ ပြန်လာသူ နှစ်ဦး၊ ဂျော်ဒန်နိုင်ငံမှ ပြန်လာသူ ကိုးဦး၊ အိန္ဒိယနိုင်ငံမှ ပြန်လာသူ နှစ်ဦး၊ ကိုရီးယားနိုင်ငံမှ ပြန်လာသူ တစ်ဦး ၊ မလေးရှားနိုင်ငံမှ ပြန်လာသူ ၅၇ ဦး၊ မလေးရှားနိုင်ငံမှ ပြန်လာသူ ၁၆ ဦး၊ အိန္ဒိယနိုင်ငံမှ ပြန်လာသူတစ်ဦး၊ မလေးရှားနိုင်ငံမှ ပြန်လာသူ ၁၁ ဦး၊ တရုတ်နိုင်ငံမှ ပြန်လာသူ နှစ်ဦး၊ ရုရှားနိုင်ငံမှ ပြန်လာသူ တစ်ဦး၊ နီပေါနိုင်ငံမှ ပြန်လာသူ တစ်ဦး၊ ထိုင်းနိုင်ငံမှ ပြန်လာသူ နှစ်ဦး၊ ကိုရီးယားနိုင်ငံမှ ပြန်လာသူ တစ်ဦးနှင့် ယူအေအီးနိုင်ငံမှ ပြန်လာသူ တစ်ဦး၊ မလေးရှားနိုင်ငံမှ ပြန်လာသူ ကိုးဦး၊ ထိုင်းနိုင်ငံမှ ပြန်လာသူ တစ်ဦးနှင့် တရုတ်နိုင်ငံမှ ပြန်လာသူ တစ်ဦး၊ တရုတ်နိုင်ငံ မှ ပြန်လာသူ တစ်ဦး၊ ထိုင်းနိုင်ငံမှ ပြန်လာသူ တစ်ဦးနှင့် မလေးရှားနိုင်ငံမှ ပြန်လာသူ တစ်ဦးတို့တွင် COVID-19 ပိုး တွေ့ရှိထားပြီးဖြစ်ရာ ဇန်နဝါရီ ၃၁ ရက်အထိ စုစုပေါင်း ပြည်ပပြန် ၁၈၀ ကျော်တွင် COVID-19 ပိုး တွေ့ရှိခဲ့ ကြောင်းသိရသည်။
COVID-19 ရှိ မရှိ စစ်ဆေးရန်နှင့် လူနာများထားရှိကုသနိုင်ရန် အဆိုပြုလျှောက်ထားခဲ့သည့် ထပ်တိုး ပုဂ္ဂလိက ဆေးရုံ ရှစ်ခုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က ပြောကြားသည်။
“ ပုဂ္ဂလိကဘက်မှာ ခွင့်ပြုထားတာ ကုသရေးရော စစ်ဆေးတာရောဆိုရင်တော့ ပန်းလှိုင်ဆေးရုံကို ခွင့်ပြုထားပါတယ်။ RDT Test နဲ့ PCR စစ်တာကိုတော့ လမ်းမတော်မှာရှိတဲ့ N Health ကို ခွင့်ပြုထားတာ ဖြစ်ပါတယ်။ RDT Test ကတော့ လေကြောင်းနဲ့ ခရီးသွားတဲ့သူတွေအတွက်ပဲ ခွင့်ပြုထားတာ ဖြစ်ပါတယ်။ PCR ကတော့ သူ တို့နဲ့ စာချုပ် ချုပ်ဆိုထားတဲ့ ပန်းလှိုင်ဆေးရုံ တို့ ဘာတို့အတွက်ကိုပဲ PCR Test ကို စစ် ဆေးပေးနေတာရှိပါတယ်။ အဲဒီတော့ ပန်း လှိုင်ဆေးရုံကဆိုရင် ပြည်တွင်းခရီးသွားတွေ ကို RDT Test Kit နဲ့လည်း စစ်တယ်။ လူနာ လည်း လက်ခံကုသပါတယ်။ ပြီးတော့ အခု ထပ်လျှောက်ထားတာတွေဆိုရင် ဦးစီးဌာန ကို တင်ပြထားတာဆို ရှစ်ခုလောက် ရှိပါ တယ်။ ဒါတွေက စိစစ်နေပါတယ်။ တချို့လည်း ပြန်ပြင်ဆင်ဖို့ လိုအပ်တဲ့အချက်တွေ ကို ပြန်ပြင်ဖို့ ညွှန်ကြားထားတာ ရှိပါတယ်။ ဒါတွေကို ပြင်ဆင်ပြီးလို့ ပြန်တင်ပြလာတဲ့ အခါကျရင်လည်း ကျွန်တော်တို့ ဦးစီးဌာနကနေလည်း ခွင့်ပြုဖို့ရှိနေပါတယ်” ဟု ဒေါက်တာထွန်းမြင့်က ပြောကြားသည်။
COVID-19 ပိုးတွေ့လူနာများ ထားရှိ ကုသနိုင်ရန် အဆိုပြုလျှောက်ထားခဲ့သည့် ပုဂ္ဂလိကဆေးရုံများအနက် ပန်းလှိုင်ဆေးရုံကို စတင်ခွင့်ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြော ကြားသည်။
“အကယ်ဒမီဆေးရုံနဲ့ ပန်းလှိုင်ဆေးရုံတွေမှာ ပန်းလှိုင်ဆေးရုံကိုတော့ ဆောင်ရွက်ခွင့်ပြုထားပါတယ်။ ပန်းလှိုင်ဆေးရုံက ကုသခွင့်လည်း ရပါပြီ” ဟု ဒေါက်တာထွန်းမြင့်က ပြောကြားသည်။
COVID-19 ပိုးတွေ့လူနာများ ထားရှိကုသနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ အဆိုပြု လျှောက်ထားခဲ့သည့် ပုဂ္ဂလိကဆေးရုံနှစ်ရုံအနက် ကနဦးအနေဖြင့် ပန်းလှိုင်ဆေးရုံကို စတင်ကုသ ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း နှင့် လက်ရှိ ပန်းလှိုင်ဆေးရုံတွင် COVID-19 ရောဂါပိုးရှိ မရှိ RDT Kit နည်းဖြင့် စစ်ဆေးမှုများ ပြုလုပ် ပေးလျက်ရှိကြောင်းသိရသည်။
ပုဂ္ဂလိကဆေးရုံများ၌ COVID-19 လူနာများ လက်ခံကုသနိုင်ရန် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးရှိ ဆေးရုံများကို အဆိုပြုလျှောက်ထားစေခဲ့ပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
