မွန်ပြည်နယ် မော်လမြိုင်မြို့နေလူထုသို့ သန့်စင်သောရေ ပေးဝေရန် အတ္ထရံမြစ်ရေတင် ရေသန့်စက်ရုံ၏ စက်ယူနစ် သုံးခုလုံး စမ်းသပ်လည်ပတ်ပြီး ရေအပြည့်ဖြန့်ဝေရန် တစ်ပေပိုက်လိုင်း သုံးလိုင်း တပ်ဆင်၍ မတ်လကုန်တွင် သောက်သုံးရေကို တစ်ယူနစ် ကျပ် ၂၅၀ နှုန်းဖြင့် ရပ်ကွက် ၁၆ ခုသို့ ဖြန့်ဝေမည် ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
“အခု အတ္ထရံမြစ်ရေသန့်စင်စက်ရုံ Test Run လုပ်နေတာ။ ယူနစ် သုံးခုလုံး ပြီးသွားပြီ။ ယူနစ်တစ်ခုကို ၂၄ နာရီလည်ပြီး ထွက်တဲ့ရေကိုလည်း အထ္ထရံ-၂ က စနေတိုင်ရေစုကန်ကို တင်ပေးနေတယ်။အဲဒီရေကို သာသနာ ၂၅၀၀ ကုန်းရေစုကန်ကို တင်တယ်။ ရေကိုစပြီး စမ်းလွှတ်တယ်။ မြို့ထဲလွှတ်တဲ့ ပိုက်လိုင်းဟောင်းတွေ ဆိုက်သေးတော့ ရေများများ မလွှတ်နိုင်ဘူး။ အဲဒါ Change ဖို့ တင်ဒါအောင်ကုမ္ပဏီ စလုပ်ဖို့ ပြင်ဆင်နေပြီ။ ဒါက လာမယ့် မတ်လကုန်လောက်မှာ ပိုက်လိုင်းနှစ်လိုင်း၊ သာသနာ ၂၅၀၀ ကုန်းရေစုကန်ကနေ အထက်လမ်းမကြီးကို တစ်ပေပိုက်ကြီး တစ်လိုင်း၊ အောက်လမ်းမကြီးကို တစ်ပေပိုက် တစ်လိုင်းဆက်ပြီး ရင် မြို့ထဲကို လုံလုံလောက်ပေးနိုင်ပြီ။ နောက်တစ်လိုင်းက စနေတိုင်ရေစုစက်ရုံက ကန် သုံးကန်ရေစုကန်ကို တင်မယ့်လိုင်း၊ ရွှေနတ်တောင် ဆည်ရေနည်းလာတဲ့အခါ ဆည်ရေကိုအား ဖြည့်ဖို့ ကန်သုံးကန်ကို ပို့တာပါ။ အခုစလုပ် ပြီ။ အဲဒါတွေကို မတ်လကုန်အပြီး Target ထားပြီး လုပ်နေတယ်။ နောက်တစ်လိုင်းက အတ္ထရံ -၁ ကနားပြီး သန့်စင်ပြီး အတ္ထရံ-၂ က ရေကို ဖြန့်မယ်။ အတ္ထရံ-၁ ကိုဖြန့်ဖို့ ဖေဖော်ဝါရီ ပထမ၊ ဒုတိယပတ် Target ထားတယ်။ အကုန်လုံး Complete ရေအင်အား Treatment Plant က ရေအားလုံးပေးနိုင်ဖို့က မတ်လအ ကုန် အကုန်လုံး ဖြန့်နိုင်ဖို့ မှန်းထားတယ်”ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောကြားသည်။
ဖြန့်ဝေမည့် ရေတစ်ယူနစ်စျေးနှုန်းနှင့် ပတ်သက်၍ “အတ္ထရံမြစ်ရေပိုင်းဆိုလို့ရှိရင် Treatment မလုပ်ခင်က မြစ်ရေကို တိုက်ရိုက် ပေးတယ်။ တစ်ယူနစ်ကို ကျပ် ၁၅၀၊ အခုကရေကိုသောက်သုံးနိုင်တဲ့အဆင့်ထိ ရောက် အောင် ရေကြည်သန့်အောင် လုပ်လိုက်တဲ့အ တွက် တစ်ယူနစ်ကို ကျပ် ၂၅၀ နှုန်းနဲ့ကောက် ဖို့ စီစဉ်ထားတယ်။ အတ္ထရံမြစ်ရေသန့်စင်စက် ရုံက ရေသန့်တွေကို ၁၄ ရပ်ကွက်ကို ရေပေး ဖို့ လျာထားပေမယ့် ရေပေးနိုင်မှုက တစ်ရက် ဂါလန် ၄၈ သိန်းရှိတဲ့အတွက် ရပ်ကွက်နှစ်ခု (ဇေယျာမြိုင်၊ ငန်းတေး)ကိုပါ တိုးချဲ့ပေးဖို့ လျာ ထားတယ်။ အခု ပိုက်လိုင်း ဆက်သွယ်မှုများ ကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ညွှန် ကြားရေးမှူး ဦးတင်ကိုကိုက ဆိုသည်။
မော်လမြိုင်မြို့ လူဦးနှစ်သိန်းခွဲအတွက် ရေဖြန့်ဝေပေးမှုအရင်းအမြစ်များမှာ ရွှေနတ် တောင်၊ ကင်းမွန်းခြုံကန်၊ အတ္တရံ-၁၊၂ ရှိပြီး ရွှေနတ်တောင်၊ ကင်းမွန်းခြုံကန်ရေသည် နွေရာသီရေနည်းသည့်ပြဿနာ အမြဲတမ်းကြုံနေပြီး နှစ် နှစ်ဆက်တိုက် ရေပြဿနာကြုံနေ၍ ယခုနှစ် မိုးရွာမှုနည်းပြီး ရေပမာဏလျော့နည်းမှု ရှိနေရာ အထ္တရံမြစ်ရေကို အားထားနေရကြောင်း ဒေသခံများထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
