ပြီးခဲသည့် ဇန်နဝါရီလ၌ မွန်ပြည်နယ်အတွင်း COVID-19 ကူးစက်ကပ်ရောဂါ ဖြစ်ပွားခဲ့သူ ၁၀၅၂ ဦးရှိခဲ့ပြီး မော်လမြိုင်မြို့နယ်အတွင်း ၇၇၇ ဦး ကူးစက်ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
“မော်လမြိုင်မြိုနယ်အတွင်းမှာ ရောဂါကူးစက်ဖြစ်ပွားမှုက မကျသေးဘူးဆိုတာက Community ထဲမှာရှိနေတဲ့ Case အသစ် တွေကို ဖော်ထုတ်နေတာကြောင့်ပါ။ Mawlamyine Fever Clinic မှာ လာပြကြတယ်။ သံသယဖြစ်လို့ စစ်လိုက်ရင် Positive က ထွက်တာပဲ။ နောက်တစ်ချက် ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုပါ။ တချို့က အနံ့ပျောက် သွားပြီဆိုရင် အိမ်မှာပဲ သီးသန့်ခွဲနေလိုက်တာ တို့ လာမစစ်တော့တာတွေလည်း ရှိနေတယ်။ လာစစ်သမျှအပေါ်မှာလည်း Case အသစ် တွေက ထွက်နေတာလည်း တစ်ကြောင်းပါပါ တယ်”ဟု မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolation Ward-3 တာဝန်ခံဆရာဝန် ဒေါက်တာ သက်ကျော်စိုးက ပြောကြားသည်။
အပြင်ထွက်တိုင်း Mask တပ်သည့်သူ များလာသော်လည်း စည်းကမ်းလိုက်နာမှုအပိုင်းတွင် အားနည်းနေဆဲ ဖြစ်ကြောင်း ဒေါက်တာသက်ကျော်စိုးက ဆက်လက်ပြောကြား သည်။
မွန်ပြည်နယ်၌ ဇန်နဝါရီလအတွင်း COVID-19 ကူးစက် ကပ်ရောဂါကူးစက်ဖြစ်ပွားမှု အများဆုံးမြို့နယ်မှာ မော်လမြိုင်မြို့နယ်ဖြစ်ပြီး ၇၇၇ ဦးအထိ ကူးစက်ဖြစ်ပွားခဲ့ကြောင်းနှင့် ရောဂါကူးစက်ဖြစ်ပွားမှု ဒုတိယ အများဆုံးမြို့နယ်မှာ ရေးမြို့နယ်ဖြစ်ပြီး ကူးစက်ဖြစ်ပွားသူ ၁၀၀ အထိရှိခဲ့ကြောင်း စာရင်းများအရ သိရသည်။
မွန်ပြည်နယ်အတွင်း COVID-19 ကူးစက်ကပ်ရောဂါနှင့် ပတ်သက်ပြီး အတည်ပြုလူနာ စတင်တွေ့ရှိသည့် ၂၀၂၀ ပြည့်နှစ် ဧပြီ ၈ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ အတည်ပြုလူနာပေါင်း ၃၆၁၀ ရှိခဲ့ပြီး အတည်ပြုလူနာ ၄၃ ဦးအထိ သေဆုံးခဲ့ကြောင်း နှင့် ရောဂါပျောက်ကင်း သက်သာသည့်အတွက် ဆေးရုံမှ ဆင်းခွင့်ရသူ ၃၁၂၀ ကျော်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
