သောက်သုံးရေ လိုအပ်နေသည့် မြိုင်၊ ရေစကြို နှင့် ညောင်ဦးမြို့နယ်တွင်း ကျေးရွာများအား Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ဇန်နဝါရီလကုန်ပိုင်းနှင့် ဖေဖော်ဝါရီလဆန်းပိုင်းတို့က သောက်သုံးရေ ဂါလန် ၁၂၀၀၀ လှူဒါန်းပေးခဲ့သည်။
ယခု ဖေဖော်ဝါရီ ၁ ရက်က သောက်သုံးရေ ဂါလန် ၃၀၀၀ လှူဒါန်းပေးခဲ့သည့် ရေစကြိုမြို့နယ် မြစ်လှချောင်ကျေးရွာမှာ ကန်ရေခန်းခြောက်ပြီးနောက် ရေငန်သာ ထွက်ရှိသည့် စက်ရေတွင်းကိုသာ အားထား သုံးစွဲနေပြီး သောက်ရေ နှင့် ချက်ပြုတ်ရေ ခက်ခဲနေသည့် ကျေးရွာဖြစ်သည်။
Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ သောက်သုံးရေ လှူဒါန်းပေးမှုကြောင့် မြစ်လှချောင်ကျေးရွာမှ အိမ်ခြေ ၁၅၀ နီးပါးမှာ ချက်ပြုတ်ရေနှင့် သောက်သုံးရေ သုံးရက်စာခန့် ဖူလုံစေခဲ့သည်။
ဇန်နဝါရီလ ၃၁ ရက်က သောက်သုံးရေဂါလန် ၃၀၀၀ လှူဒါန်းပေးခဲ့သည့် မြိုင်မြို့နယ် ချောင်းဦးတိုကျေးရွာမှာ ကန်ရေ ခန်းခြောက်ပြီး စက်ရေတွင်း ရေထွက်လျော့ကျသွားသည့်အတွက် ရေအခက်အခဲ ကြုံတွေ့နေရသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။
Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ သောက်သုံးရေ လှူဒါန်းပေးမှုကြောင့် ချောင်းဦးတို ကျေးရွာမှ အိမ်ထောင်စု ၁၁၀ နီးပါးမှာ သောက်သုံးရေ ငါးရက်စာခန့် ဖူလုံခဲ့ပြီး လာမည့် ရက်များတွင် သောက်သုံးရေ ဆက်လက် လှူဒါန်းပေးမည် ဖြစ်သည်။
“ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ စက်ရေတွင်း က ရေအထွက် လျော့သွားတယ်။ ရွာရေကန်ကလည်း ရေမရှိတော့ သုံးစရာ မရှိဘူး။ လက်ရှိတော့ ရေအလှူခံကားတွေကို အကူအညီတောင်းနေရတယ်။ တွင်းသစ်တူးဖို့ကလည်း သိန်း ၅၀ လောက် ကုန်မှာဆိုတော့ ရွာရှိ အိမ်ခြေနဲ့ အဆင်မပြေဘူး။ အလှူရှင်ရရှိရေး ကြိုးစားနေပါတယ်”ဟု မြိုင်မြို့နယ် ချောင်းဦးတိုကျေးရွာမှ ဦးကြံအောင်က ပြောကြားသည်။
Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်က ရေဂါလန် ၃၀၀၀ လှူဒါန်းပေးခဲ့သည့် ကန်ကျဲတဲတိုက်မှ အိမ်ထောင်စု ၇၀ နီးပါးမှာ သောက်သုံးရေ ငါးရက်စာခန့် ဖူလုံစေခဲ့ကြောင်း သိရသည်။
“မိုးကလည်း မရွာတော့ ကန်တွေမှာ ရေမတင်ဘူး။ အဲတာကြောင့် ကန်ရေလည်း အစောကြီးကတည်းက ခန်းသွားတယ်။ လက်ရှိကတော့ လှောင်ထားတဲ့ ကန်ရေကိုပဲ ချွေတာ သုံးနေရတာ။ လာလှူတဲ့ ရေကားတွေကြောင့်လည်း ခုထိသုံးလို့ရတာ။ လာမဲ့နွေကတော့ ရေကပိုခက်ခဲဖို့ပဲ ရှိတယ်”ဟု ကန်ကျဲတဲတိုက်မှ ဦးတင်ဝင်းက ပြောကြားသည်။
Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ၂၀၁၆ ခုနှစ်မှစတင်ကာ စက်ရေတွင်း လိုအပ်သည့် ကျေးရွာများအား ရေချိုရရှိနိုင်မှု တိုင်းတာ၍ ရေတွင်းတူးဖော်မှုများ လုပ်ဆောင်ပေးခဲ့ပြီး ယခု ကံကြီးရိုးကျေးရွာ စက်ရေတွင်း အပါအဝင် စက်ရေတွင်း ၂၀ ထိ တူးဖော် အောင်မြင်ခဲ့သည်။
မြိုင်မြို့နယ်အတွင်း စက်ရေတွင်း လိုအပ်နေသည့် ကန်ကလေးကျေးရွာ ၊ သဲကျွန်းကျေးရွာတွင် စက်ရေတွင်းများ ဆက်လက် တူးဖော်နိုင်ရေးအတွက် Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ လုပ်ဆောင်နေသည်။
Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ရေလိုအပ်နေသည့် ကျေးရွာများ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ပံ့ပိုးသည့် ရေသယ်ယာဉ် နှစ်စီးဖြင့် သောက်သုံးရေများ လှူဒါန်းပေးလျက် ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
