မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် နေအိမ်သို့ ပြန်လည်ရောက်ရှိ လာပြီး နေအိမ်၌ လုံခြုံရေးအစောင့်ရှောက်ဖြင့် ထားရှိထားကြောင်း သိရသည်။
" နေ့ခင်းလောက်က အိမ်ပြန်ရောက်တယ်။ အေးအေးဆေးဆေး ပါပဲ။လုံခြုံရေး အစောင့်ရှောက်နဲ့ ထားရှိထားတယ်လို့ကြားသိရပါတယ်"ဟု ဒေါက်တာရဲလွင် နှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။
မြို့တော်ဝန် ဒေါက်တာရဲလွင်ကိုယ်တိုင်လည်း နေအိမ်သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း ၎င်းကိုယ်တိုင် အတည်ပြုချက်အရ သိရသည်။
မြို့တော်ဝန်ဒေါက်တာရဲလွင် နည်းတူ တပ်မတော်၏ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည့် အခြားအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ အခြေနေမှာမူ လတ်တလော အတိကျ မသိရသေးသော်လည်း ပြန်ရောက်လာခြင်း မရှိသေးကြောင်း သိရသည်။
နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာပြီးနောက် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူအချို့ကို နံနက်အစောပိုင်းက ခေါ်ယူကာ မန္တလေး နန်းတွင်း၌ ခေတ္တ ထိန်းသိမ်း ထားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းဥက္ကဋ္ဌ အပါအဝင် အတွင်းရေးမှူး ၊ ပါတီဝင်အချို့နှင့် မန္တလေးမြို့ရှိ နိုင်ငံရေး တက်ကြွ လှုပ်ရှားသည့် ဘဝအလင်း ဆရာတော် ဦးသောဘိတကိုလည်း ခေါ်ယူ ထိန်းသိမ်းထားသည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
