ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL)မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာ/ဒီပလိုမာသင်တန်းသားများကိုစတင်ခေါ်ယူလျက်ရှိသည်။
YUFL မှ မဟာဝိဇ္ဇာအချိန်ပြည့်(၂)နှစ်သင်တန်း (အင်္ဂလိပ်ဘာသာကို နိုင်ငံခြားဘာသာအဖြစ်သင်ကြားခြင်း)၊ ဒီပလိုမာအချိန်ပြည့်(၁)နှစ်သင်တန်း(အင်္ဂလိပ်ဘာသာ)၊ အချိန်ပြည့်(၂)နှစ်သင်တန်း(အီတာလျံဘာသာ)၊ အချိန်ပိုင်း(၂)နှစ်သင်တန်း(ဘာသာဗေဒ)နှင့် အချိန်ပိုင်း(၄)နှစ်သင်တန်း(တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား ၊ ရုရှား၊ ထိုင်းဘာသာ)များကို ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းများအား အပတ်စဥ် တနင်္လာ နေ့မှသောကြာနေ့အထိ အင်္ဂလိပ်ဘာသာ(အချိန်ပြည့်)သင်တန်းများကို နံနက် ၉ နာရီမှ နေ့လည် ၃ နာရီ ၂၀ မိနစ်အထိ၊ အီတာလျံဘာသာ(အချိန် ပြည့်)သင်တန်းကို နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ၊ အချိန်ပိုင်းသင်တန်းများကို နံနက် ၇ နာရီမှ နံနက် ၈ နာရီ ၅၀ မိနစ်အထိ ဖွင့်လှစ်သင် ကြားပေးသွားမည်ဖြစ်သည်။
သင်တန်းတက်ရောက်လိုသူများသည် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ကာ မဟာဝိဇ္ဇာ(အင်္ဂလိပ်ဘာသာကို နိုင်ငံခြားဘာသာအဖြစ်သင်ကြားခြင်း) ပထမနှစ်သင်တန်းတက်ရောက်ရန် သတ်မှတ်ထားသော အရည်အချင်းများနှင့်ပြည့်စုံသူဖြစ်ရမည်ဖြစ်သည်။
ထို့အတူ ဒီပလိုမာဘွဲ့သင်တန်းများအတွက် နိုင်ငံတော်မှအသိအမှတ်ပြုထားသော ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရမည်ဖြစ်ကာ ဘာသာဗေဒသင်တန်းအတွက် နိုင်ငံတော်မှအသိအမှတ်ပြုထားသော ဝိဇ္ဇာဘွဲ့ တစ်ခုခုရရှိပြီးသူဖြစ်ရမည်ဖြစ်သည်။
ထို့ပြင် အခြားဘွဲ့ရရှိပြီး ယင်း ဘာသာရပ်နှင့် ဆက်စပ်နှီးနွယ်သည့်လုပ်ငန်းလုပ်ကိုင်သူများ (ဘာသာပြန်/စကားပြန်ပြုလုပ်သူများ၊ ဘာသာ စကားသင်ကြားသူများ၊ သတင်းမီဒီယာလုပ်ငန်း ဆောင်ရွက်နေသူများ)လည်း လျှောက်ထားနိုင်ကာ သင်တန်းဝင်ခွင့်လျှောက်လွှာအား နိုဝင်ဘာ ၁၃ ရက်နောက်ဆုံးထားပေးပို့ရမည်ဖြစ်သည်။
တက်ရောက်လိုသူများသည် သင်တန်းဝင်ခွင့်စာမေးပွဲဖြေဆိုရမည်ဖြစ်၍ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း၌ မော်ကွန်းထိန်းရုံးခန်း(စာ မေးပွဲဌာန/ကျောင်းသားရေးရာဌာနနှင့် ဖုန်း ဝ၁ -၇၅၁၃၁၉ဝ တို့သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
