တရုတ်နိုင်ငံ၊ Yichang မြို့နှင့် ဖိလစ်ပိုင်နိုင်ငံ၊ Puerto Princesa မြို့တို့တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ်လက်ရည်စစ်ပြိုင်ပွဲများအပြီးတွင် မြန်မာလှေလှော်အားကစားအဖွဲ့သည် နိုဝင်ဘာ ၄ ရက်ညနေပိုင်းက ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
၎င်းတို့အား ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လူမှုရေးရာ၀န်ကြီးဦးဌေးအောင်၊ အားကစားနှင့်ကာပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့်တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့ချုပ်မှ အမှုဆောင်များ၊ မိဘဆွေမျိုးများ၊ အားကာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ်လက်ရည်စစ်ပြိုင်ပွဲများတွင် မြန်မာလှေလှော်အားကစားအဖွဲ့သည် ရွှေတံဆိပ်(၆)ခု၊ ငွေတံဆိပ်(၃)ခုရရှိခဲ့ပြီးနောက် ကမ္ဘာ့အားကစားပြိုင်ပွဲ ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိခဲ့သည်။
ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ်လက်ရည်စစ်ပြိုင်ပွဲအား မြန်မာလှေလှော်အားကစားအဖွဲ့မှ အဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းဦးဆောင်၍ အုပ်ချုပ်သူ/နည်းပြနှင့်အားကစားသမားများ (စုစုပေါင်း၂၃ ဦး)တို့ သွားရောက်ယှဥ်ပြိုင်ခဲ့ကြသည်။








-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
