ကွာလာလမ်ပူ၊နိုဝင်ဘာ ၄
တောင်တရုတ်ပင်လယ်ရှိ သောင်ခုံကျောက်တန်းတစ်ခုကိုနယ်မြေချဲ့လာသည့်အရေးနှင့်ပတ်သက်ပြီး မလေးရှားက ဗီယက်နမ်ထံ ကန့်ကွက်စာပေးပို့ခဲ့ကြောင်းသိရသည်။
၎င်းတို့သည်အဆိုပါကျောက်တန်းကို နှစ်နိုင်ငံလုံးကပိုင်သည်ဟုဆိုကာ အငြင်းပွားနေကြခြင်းလည်းဖြစ်သည်။ယခုဖြစ်စဉ်သည် တောင်တရုတ်ပင်လယ်အရေး အငြင်းပွားနေမှုများကို ထင်ထင်ရှားရှားမီးမောင်းထိုးပြလိုက်ခြင်းလည်းဖြစ်သည်။
တောင်တရုတ်ပင်လယ်သည် ၎င်း၏အပိုင်ဖြစ်သည်ဟု တရုတ်ကအခိုင်အမာဆိုခြင်းကြောင့်လည်း ဖိလစ်ပိုင်နှင့် မကြာခဏဆိုသလိုထိပ်တိုက်တွေ့ခဲ့ပြီး ဗီယက်နမ်နှင့် ထိပ်တိုက်ရင်ဆိုင်ရမှုများရှိခဲ့သော်လည်း တရုတ်မပါသည့်ကျန်နိုင်ငံများအချင်းချင်းအငြင်းပွားမှုသည် ယခုတစ်ကြိမ်ပထမဆုံးလည်းဖြစ်သည်။
တရုတ်၊ထိုင်ဝမ်၊မလေးရှား၊ဗီယက်နမ်၊ဘရူနိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့က စပရက်တလီကျွန်းစုတစ်ဝိုက်၌ အမျိုးမျိုးသော ပိုင်ဆိုင်မှုနှင့်အခွင့်အာဏာပြိုင်ဆိုင်မှုများပြောဆိုလျက်ရှိကြရာ အဆိုပါဒေသတစ်ဝိုက်သည် အင်အားပြိုင်ဆိုင်မှုအများဆုံးဒေသလည်းဖြစ်သည်။
ယခုမလေးရှားဘက်ကပေးပို့သောစာကို ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးက အောက်တိုဘာလအစောပိုင်းကတည်းက လက်ခံရရှိခဲ့သော်လည်း အကြောင်းပြန်ကြားလာခြင်းမရှိသေးကြောင်း အမည်မဖော်လိုသူအရာရှိနှစ်ဦးကပြောကြားခဲ့သည်။
ယခုကန့်ကွက်စာသည် ဗီယက်နမ်၏ အခြေခံအဆောက်အဦအများစုတည်ရှိသည့် စပရက်တလီကျွန်းစုအပြင် လူကဖန်တီးထားေသာကျွန်းငယ်တစ်ခုကိုဗီယက်နမ်ဘက်ကပြုလုပ်လာခဲ့သည့်အတွက် ကန့်ကွက်ခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက် ဉာဏ်ကြီးရှင်စင်တာ၏ဂြိုလ်တုဓါတ်ပုံများအရသိရသည်။
အောက်တိုဘာလနှောင်းပိုင်းကလည်း ဗီယက်နမ်သည် သန္တာကျောက်တန်းပေါ်၌ လေယာဉ်ကွင်းတစ်ခု တည်ဆောက်နေကြောင်း အာရ်အက်ဖ်အေသတင်းဌာနကဖော်ပြခဲ့သည်။
Source : ရိုက်တာ/အယ်လ်အိတ်ခ်ျ
Photo credit to SCMP

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
