ဘရာဇီးနိုင်ငံသားဖိုက်တာဖြင့် ယှဉ်ပြိုင်ထိုးသ-တ်မည့် ထွန်းမင်းအောင် ထိုင်းနိုင်ငံ Looksuan Muay Tai Club တွင် လေ့ကျင့်ရန် ထွက်ခွာ
24htopnews | November 5, 2024 12:12 PM CST
ဘရာဇီးနိုင်ငံသားဖိုက်တာဖြင့် ယှဉ်ပြိုင်ထိုးသ-တ်မည့် ထွန်းမင်းအောင်သည် နိုဝင်ဘာ ၄ရက် ညနေပိုင်းအချိန်၌ ထိုင်းနိုင်ငံရှိ Looksuan Muay Tai Club ၌ လေ့ကျင့်ရန် ထွက်ခွာသွားပြီဖြစ်သည်။
အဆိုပါ မွေထိုင်းကလပ်တွင် အကိုဖြစ်သူ ထွန်းမင်းနိုင်(ခ)စူလမန် နှင့်အတူလေ့ကျင့်ရန် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းမင်းအောင်သည် ONE ပွဲစဉ်တွင်
သုံးကြိမ်မြောက် ယှဉ်ပြိုင် ထိုးသ-တ်ထားပြီး တစ်ပွဲရှုံး၊ တစ်ပွဲနိုင် ရလဒ်ကို ပိုင်ဆိုင်ထားကာ နောက်ဆုံးထိုးသ-တ်ခဲ့သည့်ပွဲစဉ်အတွင်း ပြိုင်ဘက်ဖြစ်သူကို အလဲထိုးကာ ချက်ထရီက ချီးမြှင့်သည့် ဘတ်သုံးသိန်းခွဲကို ရရှိထားသူတစ်ဦးဖြစ်သည်။
ရိုးရာဖိုက်တာများအနက် အသက်အငယ်ဆုံးဖြစ်ကြသည့် ထွန်းမင်းအောင်နှင့်သန့်ဇင်တို့မှာ ONE ၏ စောင့်ကြည့်ခြင်းကို ခံနေရသည့် မြန်မာကစားသမားများစာရင်းတွင် ပါဝင်နေသူများဖြစ်သည်။

READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
