ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်လေးခုစလုံးကို ယနေ့ (နိုဝင်ဘာ ၅ )ရက်ကစတင်၍ တစ်ရက်လျှင် နှစ်ကြိမ်ခွဲ၍ ရှစ်နာရီ မီးဖြတ်မည်ဖြစ်ကြောင်း လျှပ်စစ်ရုံးများက ကြေညာသည်။
“တရက်ကို ၄နာရီခွဲပြီး အနည်းဆုံး နှစ်ကြိမ်ပြတ်မှာပါ၊ တစ်ရက်ကို ရှစ်နာရီ မီးပြတ်ပါမည်။” ဟု လျှပ်စစ်ဝန်ထမ်းတစ်ဦးက ပြောသည်။
ယင်းအစီအစဉ်ကို ရန်ကုန်တစ်တိုင်းလုံး နိုဝင်ဘာ ၅ ရက်တွင်စတင်မည်ဖြစ်ပြီး စက်မှုဇုန်များကိုလည်း စက်တင်ဘာ ၂၈ရက်တွင် ကြေညာခဲ့သည့်အတိုင်း နံနက် ၉နာရီမှ ညနေ ၅ နာရီအထိသာ လျှပ်စစ်မီးပေးတော့မည်ဟု အသိပေးထားသည်။
ယခင်ကမူ စက်မှုဇုန်များတွင် နံနက် ၉နာရီမှ နေ့လယ် ၁ နာရီ (သို့) နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီ အလှည့်ကျ ပေးနေလျက်ရှိနေခြင်းဖြစ်ပြီး ယခုအခါ ပုံစံပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ပြောင်းလဲလိုက်ရခြင်းသည် နိုဝင်ဘာလအတွင်းလျှပ်စစ်မီးရရှိမှုနည်းပါးပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတချို့၌ အကြီးစား ပြုပြင်ထိန်းသိမ်းတာလုပ်နေရခြင်း
ကြောင့်ဟုလည်း လျှပ်စစ်ဌာနများနှင့် နီးစပ်သူများထံမှလည်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
