ဂျကာတာ၊နိုဝင်ဘာ ၄
အင်ဒိုနီးရှားနိုင်ငံအရှေ့ဘက်ရှိ နူဆာတန်ဂါရာပြည်နယ်မှ လီဝိုတိုဘီမီးတောင်ပေါက်ကွဲမှုကြောင့် လူ ၁၀ ဦးထက်မနည်းေ-သဆုံးခဲ့ပြီး လေဆိပ်လေးခုကိုလည်း ယာယီပိတ်ခဲ့ရကြောင်းသိရှိရသည်။
မီးတောင်ပေါက်ကွဲမှုကြောင့် လဘူအန်ဘာဂျိုရှိ ကိုမိုဒိုအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဉ်ခရီးစဉ် ၁၄ ခုကိုလည်း မီးတောင်ပြာကြောင့်ဖျက်သိမ်းခဲ့ရသော်လည်း လေဆိပ်ကိုဖွင့်ထားဆဲဖြစ်သည်ဟုသိရသည်။
ေ-သဆုံးသူ ၁၀ ဦးတွင် ရုပ်အလောင်း ၉ လောင်းကိုသာ ပြန်လည်ရရှိထားပြီး ကျန်တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကာ အပျက်အစီးများအောက်နစ်မြုပ်နေမည်ကို လည်းစိုးရိမ်နေကြသည်။
အာဏာပိုင်များသည် မီးတောင်ပေါက်ကွဲမှုဒဏ်ခံခဲ့ရသော ကျေးရွာ ၁၄ ရွာမှ မိသားစု ၂,၇၃၅ စု၊လူဦးရေ ၁၀,၂၉၅ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြဟုသိရသည်။
လီဝိုတိုဘီတောင်၏ မီးတောင်ပေါက်ကွဲမှုသတိပေးချက်အခြေအနေကို အဆင့် ၃ မှ အမြင့်ဆုံးအခြေအနေဖြစ်သည့် အဆင့် ၄ သို့မြှင့်တင်ထားပြီး အာဏာပိုင်များက မီးတောင်ပေါက်ကွဲရာနေရာ၏ ခုနစ်ကီလိုမီတာပတ်လည်အတွင်း သွားလာခြင်းကို ရှောင်ရှားကြရန်လည်းသတိပေးထားသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
