COVID-19 ကာကွယ်ဆေး ဖြန့်ချိမှုများ အလုံးစုံရပ်တန့်လုနီးပါးဖြစ်နေပြီး ရှေ့တန်းမှကျန်းမာရေး ဝန်ထမ်းများတွင် အဓိကအရင်းအမြစ်များ ကင်းမဲ့နေမှုနှင့်အတူ အာဖရိကသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ တတိယလှိုင်းအတွက် ပြင်ဆင်မှုအားနည်းနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇွန် ၃ ရက်၌ သတိပေး ပြောကြားခဲ့သည်။
“အာဖရိကမှာရှိတဲ့ ဆေးရုံ၊ ဆေးခန်း တော်တော်များများမှာ အရေးကြီးတဲ့ဖျားနာ လူနာတွေ အဆမတန်မြင့်တက်လာတဲ့ အခြေအနေကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်ဖို့ အလှမ်းဝေးကွာလွန်းနေပါတယ်” ဟု WHO ၏ အာဖရိကဆိုင်ရာဒေသတွင်း ညွှန်ကြားရေးမှူး ဒေါက်တာ မက်ရှီဒီဆိုမိုးတီက ပြောကြားခဲ့သည်။
“အာဖရိကမှာ တတိယလှိုင်းရဲ့ ခြိမ်းခြောက်မှုက အမှန်တကယ်ဖြစ်နေပြီး ပိုမိုမြင့်တက်လာပါတယ်” ဟု ၎င်းကဆိုသည်။
အာဖရိကတွင် COVID-19 ကူးစက်ခံရသူပေါင်း ၄.၈ သန်းရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၁၃၀,၀၀၀ ရှိသည်ဟု တရားဝင်ထုတ်ပြန်ထားကြောင်း WHO က ပြောကြားခဲ့ပြီး ယင်းအရေအတွက်သည် ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူစုစုပေါင်း၏ ၂.၉ ရာခိုင်နှုန်းရှိပြီး သေဆုံးသူစုစုပေါင်း၏ ၃.၇ ရာခိုင်နှုန်းရှိသည်။
လွန်ခဲ့သည့်လက စစ်တမ်းတစ်ရပ်၌ အာဖရိကနိုင်ငံအများအပြားတွင် အလွန်ဖျားနာနေသည့် ဗိုင်းရပ်စ်လူနာများအတွက် ကျန်းမာရေးအဆောက်အအုံနှင့် ဝန်ထမ်းဦးရေသည် အလွန်ဖူလုံမှုမရှိကြောင်း WHO က တွေ့ရှိခဲ့သည်။
အာဖရိကရှိ နိုင်ငံ၂၃ နိုင်ငံတွင် ပြုလုပ်သည့် စစ်တမ်းအရ ဆေးရုံအများစုတွင်လူဦးရေ ၁၀၀,၀၀၀ လျှင် အထူးကြပ်မတ်ကုသဆောင် (ICU) ကုတင်တစ်လုံးအောက်လျော့၍ ရရှိနေပြီး သုံးပုံတစ်ပုံသာလျှင် အသက်ရှုကိရိယာရရှိနိုင်သည်ကို လေ့လာတွေ့ရှိခဲ့သည်။
ဂျာမနီနှင့် အမေရိကန်တို့ကဲ့သို့ ချမ်းသာသောနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်လျှင် ယင်းနိုင်ငံများတွင်လူဦးရေ ၁၀၀၀,ဝဝဝလျှင် ICU ကုတင် ၂၅လုံး ကျော်ရှိနေသည်။
“ကုသမှုကတော့ ဗိုင်းရပ်စ်ကိုတိုက်ဖျက်တဲ့ နောက်ဆုံးခုခံကာကွယ်မှု မျဉ်းတစ်ကြောင်းပါ။ကျွန်တော်တို့တွေ ဒီမျဉ်းကိုအကျိုးခံလို့တော့မဖြစ်ဘူး” ဟု မိုးတီက အွန်လိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အလေးပေးပြောကြားခဲ့ပြီး ဆေးရုံနှင့်ကျန်းမာရေး ဝန်ထမ်းများအတွက် ပိုမိုကောင်းမွန်သည့် ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ရရှိရန်အတွက် တောင်းဆိုခဲ့သည်။
မကြာသေးမီသီတင်းပတ်များအတွင်း အာဖရိကတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်တက်ခဲ့ပြီး ကပ်ရောဂါသည် နိုင်ငံ ၁၄ ခုတွင် အရှိန်အဟုန်မြင့်တက်နေကြောင်း WHO က သတိပေးပြောကြားခဲ့သည်။
“လွန်ခဲ့တဲ့သီတင်းတစ်ပတ်တစ်ခုထဲမှာတင် နိုင်ငံရှစ်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၀ ရာခိုင်နှုန်းမြင့်တက်လာတာကတော့ မျက်မြင်ပါပဲ” ဟု ၎င်းကဆိုသည်။
တောင်အာဖရိကနိုင်ငံသည် အာဖရိကတိုက်တွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းအဆိုးဆုံးဖြစ်ပြီး ကျန်းမာရေးကန့်သတ်ချက်များကို တင်းကျပ်စွာထုတ်ပြန်ထားသည်။တောင်အာဖရိကတွင် လက်ရှိအချိန်၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁.၆ သန်းကျော်ရှိပြီးသေဆုံးသူပေါင်း ၅၆,၄၃၉ ဦးရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
