တရုတ်အစိုးရ၏ တီအန်မင်ရင်ပြင် ဖြိုခွင်းနှိမ်နင်းမှုအတွင်း သေဆုံးခဲ့သူများအတွက် အောက်မေ့တမ်းတပွဲကို စီစဉ်ကျင်းပသူများထဲမှ တစ်ဦးဖြစ်သော ဟောင်ကောင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ချောင်ဟန်တုံးအား ဟောင်ကောင်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
နှစ်စဉ် ဇွန် ၄ ရက်၌ ကျင်းပပြုလုပ်နေကျဖြစ်သော တီအန်မင်ဖြိုခွင်းမှု အောက်မေ့တမ်းတပွဲတွင် ဒီမိုကရေစီလိုလားသူများ၏ အင်အားပြမှုကို တားဆီးပိတ်ပင်နိုင်ရန် ဟောင်ကောင်အာဏာပိုင်များက ကြိုးပမ်းနေခြင်းနှင့်အတူ အောက်မေ့တမ်းတပွဲကျင်းပရာနေရာ၌ ဖယောင်းတိုင်များကိုင်ဆောင်သည့် လုပ်ဆောင်မှုကိို ပိတ်ပင်တားမြစ်ရန်အတွက် ယင်းနေရာတွင် ရဲတပ်ဖွဲ့ဝင် ၇,၀၀၀ ခန့် ချထားသည်။
အကျဉ်းချခံထားရခြင်းမရှိသလို ထွက်ပြေးတိမ်းရှောင်ခြင်းလည်းမရှိသော ဒီမိုကရေစီလိုလားသည့် ရှေ့နေချောင်ဟန်တုံးကို ဇွန် ၄ ရက်နံနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့ဝင်လေးဦးက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အသက် ၃၇ နှစ်အရွယ် ချောင်သည် တီအန်မင်ဖြိုခွင်းမှု အောက်မေ့တမ်းတပွဲ အခမ်းအနားကို နှစ်စဉ်စီစဉ်ကျင်းပသော ဟောင်ကောင်မဟာမိတ်အဖွဲ့၏ ဒုတိယဥက္ကဋ္ဌများထဲမှ တစ်ဦးဖြစ်သည်။
လူမှုမီဒီယာတွင် ပို့စ်များရေးတင်၍ တရားမဝင်လူစုဝေးမှုဖြစ်စေရန် သတင်းလွှင့်ကြောင်း သံသယရှိမှုဖြင့် ချောင်နှင့် အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်ခဲ့သည်။
“တားမြစ်ပိတ်ပင်ထားတဲ့ လူစုလူဝေးလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ဖို့ အခြားသူတွေကို ဖိတ်ခေါ်တဲ့အကြောင်းအရာတွေ၊ လူသိရှင်ကြား သတင်းလွှင့်တဲ့အကြောင်းအရာတွေပါဝင်တဲ့ ပို့စ်တွေကို အွန်လိုင်းလူမှုမီဒီယာပေါ်မှာ သူတို့ ရေးတင်ထားကြပါတယ်” ဟု ရဲမှူးလောကောဟိုင်က သတင်းထောက်များအား ပြောကြားခဲ့သည်။
၁၉၈၉ ခုနှစ် ဇွန် ၄ ရက်တွင် တီအန်မင်ရင်ပြင်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို တရုတ်တပ်ဖွဲ့က နှိမ်နင်းဖြိုခွင်းခဲ့ပြီး ထိုဖြစ်ရပ်အတွင်း လူရာပေါင်းများစွာ သေဆုံးခဲ့သည်။ လေ့လာသုံးသပ်သူအချို့ကမူ လူ ၁,၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ခန့်မှန်းခဲ့ကြသည်။ ဖြိုခွင်းမှုအတွင်း သေဆုံးခဲ့သူများကို အောက်မေ့တမ်းတမှုအဖြစ် ဟောင်ကောင်တွင် လူအများအပြားက နှစ်စဉ် ဇွန် ၄ ရက်ရောက်တိုင်း စုဝေး၍မေတ္တာပို့လေ့ရှိသည်။
တရုတ်ပြည်မကြီးတွင် ယင်းကဲ့သို့ လူစုလူဝေးဖြင့် အောက်မေ့တမ်းတပွဲကျင်းပခြင်းကို ပိတ်ပင်တားမြစ်ထားသည်။
၂၀၁၉ ခုနှစ်တွင် ဟောင်ကောင်၌ ဒီမိုကရေစီလိုလားသော ဆန္ဒပြမှုများလပေါင်းများစွာဖြစ်ပွားခဲ့ပြီးနောက် တရုတ်အစိုးရက ၎င်းနှင့်သဘောထားကွဲလွဲသူများကိုဖိနှိပ်ရန် အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး မျိုးချစ်ဝါဒကို အတင်းအကျပ်ချမှတ်ခဲ့သည်။ ဒေသတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြင်းပြင်းထန်ထန်ဖြစ်ပွားမနေသော်လည်း ဟောင်ကောင်အာဏာပိုင်များက ယခုနှစ်အတွင်း လူစုဝေးမှုများကို ပိတ်ပင်တားမြစ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
