ကမ္ဘာလုံးဆိုင်ရာ အသားထုတ်လုပ်သည့် ကုမ္ပဏီကြီး JBS အား ဆိုက်ဘာတိုက်ခိုက်မှုသည် ရုရှားနှင့် ဆက်နွှယ်မှုရှိကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ပြီးနောက် ရုရှားအား ဖြစ်နိုင်ဖွယ်ရှိသည့် လက်တုံ့ပြန်မှုပြုလုပ်ရန် လေ့လာနေသည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မေလ ၂ ရက်တွင် ပြောကြားခဲ့သည်။
ယခုလတွင် ဂျနီဗာ၌ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပြုလုပ်မည့် အစည်းအဝေးတွင် တစ်စုံတစ်ရာ အရေးယူမည်ဟုတ်၊ မဟုတ် သတင်းထောက်များက မေးမြန်းခဲ့ရာတွင် ဘိုင်ဒင်က မိမိတို့အနေဖြင့် ယင်းပြဿနာကို အနီးကပ်လေ့လာစောင့်ကြည့်နေသည်ဟု ပြောကြားခဲ့သည်။
အမေရိကန်ရှိ ဘရာဇီးပိုင် JBS ကုမ္ပဏီကို ခြိမ်းခြောက်ငွေညှစ်ရာတွင် အသုံးပြုသည့် ransomware ဖြင့် ဆိုက်ဘာတိုက်ခိုက်ခဲ့မှုသည် ရုရှားနိုင်ငံတွင်ခိုအောင်းနေသည့် ဆိုက်ဘာရာဇဝတ်သားများ၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲချက်များ ပြန်လည်ထွက်ပေါ်လာခဲ့သည်။
ပြီးခဲ့သည့်လက အမေရိကန်အရှေ့ပိုင်း Colonial လောင်စာပိုက်လိုင်းကြီးကို ယာယီရပ်တန့်သွားစေခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုတွင် ဟက်ကာများသည် အလားတူ ransomware အသုံးပြုခဲ့သဖြင့် သံသယများမှာ ပိုမိုမြင့်တက်လာခဲ့သည်။
ယင်းတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ပူတင်သည် ဂျနီဗာအစည်းအဝေးမတိုင်မီတွင် ၎င်းအား စမ်းသပ်နေခြင်းဟုတ်၊ မဟုတ် သတင်းထောက်များက မေးမြန်းရာတွင် ဘိုင်ဒင်က မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။
ယင်းဆိုက်ဘာတိုက်ခိုက်မှုများသည် REvil နှင့် Sodinokibi အမည်ရှိ ဟက်ကာအဖွဲ့များ၏ လက်ချက်ဖြစ်သည်ဟု ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI) က မေလ ၂ ရက်တွင် ပြောကြားခဲ့ပြီး ယင်းဖြစ်စဉ်ကို တရားစီရင်နိုင်ရန် အားထုတ်ကြိုးပမ်းနေသည်ဟု ထုတ်ပြန်ခဲ့သည်။
REvil နှင့် Sodinokibi အမည်ရှိ ဟက်ကာအဖွဲ့များသည် ရုရှားနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့များဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ဖူးသည်။
ယင်းဆိုက်ဘာတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သူများအား တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် နောက်ဆက်တွဲအကျိုးဆက်များ ချမှတ်နိုင်ရန် အာရုံစိုက်လုပ်ဆောင်နေသည်ဟု FBI က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
ဇွန်လ ၁၆ ရက်တွင် ပူတင်နှင့်တွေ့ဆုံမည့်အစည်းဝေး၊ ယင်းမတိုင်မီ ဂျီ ၇ အဖွဲ့၊ ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့မှ မဟာမိတ်များနှင့် တွေ့ဆုံမည့်အစည်းအဝေးများတွင် ဘိုင်ဒင်သည် အမေရိကန်၏ အရေးကိစ္စများကို ဆွေးနွေးသွားမည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံအတွင်းရှိ အထိအခိုက်မခံနိုင်သည့် အခြေခံအဆောက်အအုံများကို ထိခိုက်နစ်နာစေရန် ရည်ရွယ်လုပ်ဆောင်နေသည့် ရာဇဝတ်အဖွဲ့များကို ခိုအောင်းခွင့်ပေးထားမှုသည် လက်ခံနိုင်ဖွယ်မရှိကြောင်း အိမ်ဖြူတော် သတင်းပြန်ကြားရေး အရာရှိယန်ဆာကီက ပြောကြားခဲ့သည်။
ယင်းဆိုက်ဘာတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အိမ်ဖြူတော်က ရုရှားအစိုးရကို တိုက်ရိုက်ပြစ်တင်ခြင်း မရှိခဲ့သော်လည်း ယင်းရာဇဝတ်သားများသည် ရုရှားနိုင်ငံအတွင်းတွင် လှုပ်ရှားနေသည်ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
