မလေးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေသောကြောင့် တင်းကျပ်သော lockdown တစ်ရပ်ချမှတ်ခဲ့ရပြီးနောက် ကလေးများအပါအဝင် ပြင်းထန်ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေနှင့် သေဆုံးသူဦးရေ မြင့်တက်လာနေသည့်အပေါ် စိုးရိမ်မိကြောင်း ကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
အစိုးရက လက်ရှိဗိုင်းရပ်စ်ကူးစက်မှုများသည် ပိုမိုကူးစက်မြန်ဗိုင်းရပ်စ်မျိုးကွဲများနှင့် ဆက်နွှယ်နိုင်သည်ဟု အစိုးရကသတိပေး ထုတ်ပြန်ချက်နှင့်အတူ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေနှင့် သေဆုံးသူဦးရေ စံချိန်တင်မြင့်တက်နေသောကြောင့် ဝန်ကြီးချုပ် မူဟာရီဒင်ရက်စ်ဆင်းက ဇွန် ၁ ရက်မှ ၁၄ ရက်အထိ နိုင်ငံတစ်ဝန်း သီတင်းနှစ်ပတ်ကြာ lockdown ချထားရန် ထုတ်ပြန်ကြေညာခဲ့သည်။
ယခုနှစ် ပထမငါးလအတွင်း ဗိုင်းရပ်စ်ကြောင့် အသက်ငါးနှစ်အောက် ကလေးသုံးဦး စံချိန်တင်သေဆုံးခဲ့ပြီး ယင်းအရေအတွက်သည် ၂၀၂ဝခုနှစ် တစ်နှစ်ကျော်အတွင်း ဗိုင်းရပ်စ်ကြောင့် ကလေးသေဆုံးမှုအရေအတွက်နှင့် တူညီနေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန အထွေထွေညွှန်ကြားရေးမှူး နော်ဟိုင်ရှမ်အဗ္ဗဒူလာက ပြောကြားခဲ့သည်။
လွန်ခဲ့သည့်နှစ်က ဗိုင်းရပ်စ်ကူးစက်ခံရသည့်ကလေး ရှစ်ဦးရှိလာခဲ့ပြီးနောက် ယခုနှစ်ဇန်နဝါရီလမှ မေလအတွင်း အသက်ငါးနှစ်အောက် ကလေး ၁၉ ဦးအပါအဝင် ကလေး ၂၇ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရသည်။
“ကိုယ်ခံအားနည်းတဲ့ မွေးဖွားပြီးစ ကလေးငယ်တွေနှင့် ကလေးတွေကို ဗိုင်းရပ်စ်မကူးစက်ခံရအောင် မိဘတွေနဲ့ အုပ်ထိန်းသူတွေ အပါအဝင် သက်ဆိုင်သူတွေအားလုံးက ကာကွယ်ပေးတဲ့နေရာမှာ အရေးပါတဲ့အစိတ်အပိုင်းတွေနေရာကနေ လုပ်ဆောင်ကြမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မျှော်လင့်မိပါတယ်” ဟု နော်ဟိုင်ရှမ်က ထုတ်ပြန်ခဲ့သည်။
သို့သော် နော်ဟိုင်ရှမ်က COVID-19 ကူးစက်ခံရခြင်း ရှိ၊မရှိ ကလေးအရေအတွက် မည်မျှစစ်ဆေးပြီးကြောင်း သို့မဟုတ် ငယ်ရွယ်သူများကို COVID-19 စစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်ထားခြင်းရှိ၊မရှိ စသည့်အချက်များကို ထုတ်ပြန်ထားခြင်းမရှိပေ။
အိမ်နီးချင်း စင်ကာပူနိုင်ငံတွင်လွန်ခဲ့သည့်လက အိန္ဒိယတွင် ပထမဆုံးတွေ့ရှိသည့် ဗိုင်းရပ်စ်မျိုးကွဲကဲ့သို့ ဗိုင်းရပ်စ်မျိုးကွဲသစ်အများအပြားသည် ကလေးများကို ပိုမိုကူးစက်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သည့်နှစ် ဇန်နဝါရီလမှ ယခုနှစ် မေ ၃၀ ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည့် ကလေးအရေအတွက် ၈၂,၃၄၁ ဦးရှိကြောင်း မလေးရှားကျန်းမာရေးဝန်ကြီး အက်ဟမ်ဘာဘာက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
မလေးရှားတွင် မေ ၃ ရက်နေ့အထိဗိုင်း ရပ်စ်ကူးစက်ခံရသူပေါင်း ၅၉၅,၀၀၀ ဦးရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၃,၀၉၆ ဦးရှိ၍ ဒေသတွင်း၌ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ပြီးလျှင် တတိယမြောက် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
