ဇွန် ၄ ရက် တီအန်မင်ရင်ပြင် ဖြိုခွင်းမှုအတွင်း သေဆုံးခဲ့သူများကို အောက်မေ့တမ်းတမှုအဖြစ် ဟောင်ကောင်ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးနှင့် ဥရောပသမဂ္ဂ ကောင်စစ်ဝန်ရုံးတွင် ဖယောင်းတိုင်များ ထွန်းညှိပြသခဲ့ရာ ယင်းလုပ်ဆောင်မှုသည် ဟောင်ကောင်ကို မတည်မငြိမ်ဖြစ်စေရန်အတွက် သင့်တော်မှုမရှိသည့် နိုင်ငံရေးစတန့်ထွင်မှုဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၅ ရက်တွင် ဝေဖန်ခဲ့သည်။
ပေကျင်းအစိုးရ ခန့်အပ်ထားသော ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်၏ နေအိမ်နှင့်ဘေးချင်းကပ် တည်ရှိသည့် အမေရိကန်ကောင်စစ်ဝန်ရုံးအဆောက်အအုံ၏ ပြတင်းပေါက်များနှင့် ဥရောပသမဂ္ဂရုံး အဆောက်အအုံ၏ ပြတင်းပေါက်များတွင် မီးထွန်းညှိထားသော ဖယောင်းတိုင်များကို ဇွန် ၄ ရက် ညပိုင်းက ထားရှိပြသခဲ့သည်။
ယင်းသို့ ဖယောင်းတိုင်ထွန်းညှိထားရှိသည့် ဓာတ်ပုံများကို လူမှုမီဒီယာထက်တွင်လည်း ပြသခဲ့သည်။
“သည်းခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်ပြီး တရုတ်ပြည်မကြီးကို ဆန့်ကျင်တဲ့ အဖျက်အမှောင့်လုပ်ရပ်တွေ၊ ၀ါဒမှိုင်းတိုက်တဲ့လုပ်ရပ်တွေ လုပ်ဆောင်ဖို့ ဟောင်ကောင်ကို အသုံးချဖို့ ကြိုးပမ်းချက်အားလုံးဟာ လုံးဝလက်သင့်ခံနိုင်စရာမရှိပါဘူး။ ဟောင်ကောင်မှာရှိတဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဌာနအဖွဲ့အစည်းတွေအနေနဲ့ ဟောင်ကောင်အရေးကိစ္စနဲ့ တရုတ်ပြည်တွင်းရေးအများစုကို ဝင်ရောက်စွက်ဖက်ခြင်းမပြုကြဖို့၊ အန္တရာယ်နဲ့ မကစားကြဖို့ ကျွန်တော်တို့ ထပ်မံတိုက်တွန်းပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဟောင်ကောင်ကိုယ်စားလှယ်ရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။
၁၉၈၉ ခုနှစ် ဇွန် ၄ ရက်တွင် တီအန်မင်ရင်ပြင်၌ ငြိမ်းချမ်းစွာဆန္ဒပြနေသူများအား တရုတ်တပ်ဖွဲ့က နှိမ်နင်းဖြိုခွင်းခဲ့မှုအတွင်း လူရာပေါင်းများစွာ သေဆုံးခဲ့သည်။ ထိုကဲ့သို့ သေဆုံးခဲ့သူများအတွက် ဖယောင်းတိုင်ထွန်း၍ မေတ္တာပို့ဆုတောင်းပေးသည့်ပွဲများကို နှစ်စဉ်ဇွန် ၄ ရက်ရောက်တိုင်း ဟောင်ကောင်၌ လူအများအပြားစုဝေးလုပ်ဆောင်ခဲ့သည်မှာ ဆယ်စုနှစ်သုံးခုကြာရှိခဲ့ပြီ ဖြစ်သည်။
သို့သော် လွန်ခဲ့သည့်နှစ်နှစ်အတွင်း ဟောင်ကောင်၌ ဒီမိုကရေစီလိုလားသော ဆန္ဒပြမှုများ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဟောင်ကောင်အာဏာပိုင်များသည် အတိုက်အခံနိုင်ငံရေးသမားများကို ဖိနှိပ်မှုများလုပ်ဆောင်ခဲ့ကာ ယခုနှစ်အတွင်း လူစုလူဝေးဖြင့် အောက်မေ့တမ်းတပွဲအခမ်းအနားများ ကျင်းပခြင်းကိုလည်း ပိတ်ပင်တားမြစ်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဇွန် ၄ ရက် ညပိုင်းတွင် ဟောင်ကောင်တစ်ဝန်း၌ ဒေသခံများက ၎င်းတို့၏ဖုန်းမီးများကို ဖွင့်ခြင်း၊ ခရိုင်အများအပြားရှိ ဒေသခံများက ဖယောင်းတိုင်များ ထွန်းခြင်းတို့လုပ်ဆောင်ခဲ့ကြခြင်းကြောင့် မြို့တစ်ဝန်းတွင် လျှပ်တစ်ပြက် မီးအလင်းရောင်များ ပြိုးပြိုးပြက်ပြက်ဖြစ်ခဲ့သည်။
ဇွန် ၄ ရက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နေအိမ်များတွင် လျှပ်စစ်မီးများကို ပိတ်ထားရန်နှင့် နေအိမ်ပြတင်းပေါက်များတွင် ဖယောင်းတိုင်များ ထွန်းညှိထားရှိရန် လူမှုမီဒီယာထက်တွင် နှိုးဆော်တိုက်တွန်းမှုများလည်း ရှိခဲ့သည်။
တရုတ်ပြည်မကြီးတွင် ဇွန် ၄ ရက်၌ ယင်းကဲ့သို့ လူစုလူဝေးဖြင့် အောက်မေ့တမ်း တပွဲများကျင်းပခြင်းကို ပိတ်ပင်တားမြစ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
