မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံက သံတမန်ရေးဆိုင်ရာကြိုးပမ်းမှုများ အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဝင်ဒီရှာမန်က ဇွန် ၂ ရက်တွင် တိုက်တွန်းထားသည်။
“အာဆီယံက ဒေသတွင်းနိုင်ငံအားလုံးနဲ့ ဆွေးနွေးနေတာကို အမေရိကန်ကသိပါတယ်။ အာဆီယံဟာ မြန်မာနိုင်ငံက တပ်မတော်ခေါင်းဆောင်တွေနဲ့ရော အဖွဲ့အစည်းဘက်အားလုံးနဲ့ပါ ဆက်သွယ်ဆွေးနွေးသင့်တယ်။ အဲဒီလိုအမြန်ဆုံးဖြစ်လာဖို့ အမေရိကန်က မျှော်လင့်တယ်” ဟု အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရှာမန်က ဘန်ကောက်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
မြန်မာပြည်သူများ၏ လူသားချင်းဆိုင်ရာ အကျပ်အတည်းဒုက္ခများကို အားလုံးကမြင်နေခြင်းဖြစ်၍ အလဟာသဖြစ်စရာအချိန်မရှိကြောင်း မစ္စစ်ရှာမန်က အာဆီယံသုံးနိုင်ငံခရီးစဉ်၏ နောက်ဆုံးဖြစ်သည့် ထိုင်းခရီးစဉ်တွင်ပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်းသည်ထိုင်းခရီးစဉ်ရှေ့၌ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားကို သွားရောက်ထားသည်။
မစ္စစ်ရှာမန်သည် ဘန်ကောက်ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ထိုုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်တို့နှင့် တွေ့ဆုံခဲ့သလို နိုင်ငံတကာ NGO အဖွဲ့များ၏ ကိုယ်စားလှယ်များနှင့်ပါ တွေ့ဆုံပြီး မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီများပေးရန်ကိစ္စအား ဆွေးနွေးခဲ့ကြောင်း အမေရိကန်သံရုံးကထုတ်ပြန်သည်။
ဂျာကာတာကဆွေးနွေးပွဲများတွင် ပြောခဲ့သကဲ့သို့ ဝင်ဒီရှာမန်သည် မြန်မာနိုင်ငံ၌ ပဋိပက္ခများရပ်ရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရန် အမေရိကန်၏ တောင်းဆိုချက်ကို ဘန်ကောက်တွင်လည်း ထပ်မံတောင်းဆိုခဲ့ကြောင်း အမေရိကန်သံရုံးက ဆိုသည်။
ဂျာကာတာခရီးစဉ်မှာတွင် အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ၊ အာဆီယံအရာရှိများနှင့် ဆွေးနွေးခဲ့ပြီး အာဆီယံ၏ ဘုံသဘောတူညီချက်ငါးချက်ကို အားပေးခဲ့သည်။
သီးခြားအနေဖြင့် အင်ဒိုနီးရှားကိုရောက်လာသည့် အီးယူနိုင်ငံခြားရေးရာအကြီးအကဲ ဂျိုးဆက်ပ်ဘော်ရယ်ကလည်း ဇွန် ၂ ရက်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် မြန်မာ့အရေးအတွက် အင်ဒိုနီးရှား၏ ကြိုးပမ်းမှုများကို အားပေးသွားသည်ဟု သိရသည်။ လက်ရှိတွင် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အယ်ရီဝမ်ယူဆော့ဖ်နှင့် အာဆီယံအတွင်းရေးမှူးချုပ် လင်ဂျော့ခ်ဟွိုင်တို့ ဦးဆောင်သည့် အာဆီယံကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင် ညှိနှိုင်းဆွေးနွေးမှုများ လာရောက်ပြုလုပ်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
