အမေရိကန်အစိုးရသည် တရုတ်နိုင်ငံ၏ စီးပွားရေးလှုပ်ရှားမှုများကို ဆက်လက်ဖိအားပေးသည့်အနေဖြင့် တရုတ်အစိုးရ၏ စစ်ဘက်နှင့်စက်မှုကဏ္ဍ ရောထွေးထားသည့် လုပ်ငန်းများနှင့် ဆက်နွှယ်နေမှုနှင့်အတူ အမေရိကန် ရင်းနှီးမြုပ်နှံသူများအား ကန့်သတ်ထားသည့် ပမာဏထက်ကျော်လွန် လုပ်ဆောင်နေသည့် တရုတ်ကုမ္ပဏီအများအပြားကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဇွန်လ ၃ ရက်တွင် အမည်ပျက်စာရင်းတွင် ထပ်မံထည့်သွင်းခဲ့သည်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် လက်ထက်ဖြစ်သည့် နိုဝင်ဘာလတွင် ထရန့်သည် တရုတ်စစ်တပ်နှင့် လုံခြုံရေးယန္တရားကို ထောက်ပံ့ပေးနေသည်ဟု ယူဆရသည့် တရုတ်ကုမ္ပဏီ ၃၁ ခုကို အမည်ပျက်စာရင်းသွင်းခဲ့ပြီး နောက်ပိုင်းတွင် ကုမ္ပဏီအများအပြားကို ယင်းစာရင်းတွင် ထပ်မံထည့်သွင်းခဲ့သည်။
သို့သော်လည်း တရားရေးအရ စိန်ခေါ်မှုများကြောင့် ယင်းပိတ်ဆို့မှုများကို သံသယဝင်စေခဲ့ကာ ဘိုင်ဒင်၏ အစိုးရအဖွဲ့သည် ယင်းအမည်ပျက်စာရင်းကို ပြန်လည်သုံးသပ်ကာ အချို့ကုမ္ပဏီများကို အမည်ပျက်စာရင်းမှဖယ်ရှားခဲ့ပြီး အမေရိကန်ရင်းနှီးမြှုပ်နှံသူများအား ကန့်သတ်ထားသည့်ပမာဏထက် ပိုမိုပါဝင်ခွင့်ပေးခဲ့သည့် ကုမ္ပဏီ ၅၉ ခုကို အမည်ပျက်စာရင်းတွင် ထပ်မံထည့်သွင်းခဲ့သည်။ ယင်းကုမ္ပဏီများအနက်အများစုမှာ ယခင်ကတည်းက အမည်ပျက်စာရင်းသွင်းခံခဲ့ရသည့် ကုမ္ပဏီများ၏ လက်ခွဲများဖြစ်သည်။
ယင်းပိတ်ဆို့မှုများသည် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၏ ဒီမိုကရေစီစံနှုန်းများနှင့် လုံခြုံရေးကို လျော့ပါးစေသည့်ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ သို့မဟုတ် ဖိနှိပ်မှုများကို ပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် တရုတ်ထောက်လှမ်းရေးနည်းပညာတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီများကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု အိမ်ဖြူတော်က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ထရန့်လက်ထက်က ထုတ်ပြန်ခဲ့သည့် အမည်ပျက်စာရင်းတွင် China Mobile ၊ China Telecom ၊ Hikvision ဗီဒီယိုထောက်လှမ်းရေးကုမ္ပဏီနှင့် China Railway Construction Corp တို့ကဲ့သို့ အဓိကဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် နည်းပညာကုမ္ပဏီများ ပါဝင်ခဲ့သည်။
China National Offshore Oil Coporation (CNOOC) ကိုမူ ဇန်နဝါရီလတွင် ထပ်မံထည့်သွင်းခဲ့ပြီး ယင်းကုမ္ပဏီသည် ဘိုင်ဒင်၏ စာရင်းတွင်လည်း ဆက်ရှိနေခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုတားမြစ်ချက်သည် သြဂုတ်လ ၂ ရက်တွင် စတင်သက်ဝင်မည်ဖြစ်ပြီး လက်ရှိ ရှယ်ယာရှင်များအနေဖြင့် ၎င်းတို့ရှယ်ယာများကို ပြန်ထုတ်ရန် အချိန်တစ်နှစ် ရရှိမည်ဖြစ်သည်။
တရုတ်ကုမ္ပဏီများအား အမည်ပျက်စာရင်းသွင်းမှုသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာနေသည့် အမေရိကန်၏ စီမံချက်များထဲတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။
ထရန့်လက်ထက်က တရုတ်နှင့် ဆက်ဆံရေးယိုယွင်းမှုကို ပြန်လည်ကောင်းမွန်စေရန် သံတမန်နည်းလမ်းအရ ချဉ်းကပ်သွားမည်ဟု ဘိုင်ဒင်အစိုးရအဖွဲ့က ကတိပြုခဲ့သော်လည်း ကာကွယ်ရေးနှင့် နည်းပညာအပါအဝင် အထိအခိုက်မခံသည့် အရေးကိစ္စများတွင်မူ တရုတ်အား တင်းမာစွာဆက်ဆံသွားမည်ဟု ဘိုင်ဒင်ကပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
